လားရှိုးမြို့ရှိ စက်ရုံတစ်ခုကို စစ်ကောင်စီဗုံးကြဲ တစ်ဦးသေဆုံး 

လားရှိုးမြို့ရှိ စက်ရုံတစ်ခုကို စစ်ကောင်စီဗုံးကြဲ တစ်ဦးသေဆုံး 

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ မယ်ဟန်ကျေးရွာအုပ်စုရှိ ရွှေမြင်းနှစ်ကောင်စက်ရုံနှင့် အနီးတစ်ဝိုက်ကို စစ်ကောင်စီက ယနေ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၅)ရက်နေ့တွင် ပေါက်ကွဲအားပြင်းထန်သော ဗုံး(၅)လုံး ကြဲချတိုက်ခိုက်သွားကြောင်း ဒေသခံများထံမှ သိရသည်။ 

ပေါက်ကွဲမှုကြောင့် ရွှေမြင်းနှစ်ကောင်စက်ရုံအဆောက်အအုံ အပါအဝင် အနီးပတ်ဝန်းကျင်ရှိ အဆောက်အဦးများစွာ ပျက်စီးဆုံးရှုံးခဲ့ရပြီး ဆိုင်ကယ်စီးနှင်းလာသူ ပြည်သူတစ်ဦး ဗုံးစထိမှန်သေဆုံးကြောင်း သိရသည်။ 

စစ်ကောင်စီအနေဖြင့် လားရှိုးမြို့ရှိ စစ်ရေးပစ်မှတ်မဟုတ်သော နေရာများကို အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေသည်မှာ ဩဂုတ်လမှ ယနေ့ထိ အကြိမ်ရေ (၃၀)နီးပါး ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။ 

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံး နာကျင်ခဲ့ရသူများစွာနှင့် ပျက်စီးဆုံးရှုံးမှုများစွာ ကြုံတွေ့ခဲ့ရသည့်‌ ဒေသခံ ပြည်သူများ ထိတ်လန့်နေ့ကြရသည်ဟု သိရသည်။

#TachileikNewsAgency

Photo: Nay Wai Soe