မြင်းခြံသံမဏိစက်ရုံဝန်းအတွင်း တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား PDF ဒရုန်းဖြင့် တိုက်ခိုက်

မြင်းခြံသံမဏိစက်ရုံဝန်းအတွင်း တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား PDF ဒရုန်းဖြင့် တိုက်ခိုက်

မန္တလေးတိုင်း မြင်းခြံမြို့နယ်အတွင်းရှိ မြင်းခြံသံမဏိစက်ရုံဝန်းအတွင်း တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဒရုန်းဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်ကြောင်း မြင်းခြံခရိုင် အမှတ်(၈) တပ်ရင်း - NRDF အဖွဲ့ထံမှ သိရသည်။

မြင်းခြံသံမဏိစက်ရုံဝန်းအတွင်း တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၂၀၂၄ခုနှစ် အောက်တိုဘာလ (၂၂) ရက်နေ့ ညနေ (၃) နာရီခွဲခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ Shar Htoo WOW နည်းပညာသုံး Fixed Wing Drone များဖြင့် ဗုံးသီး (၃)လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်မှုများအား ဆက်လက်စုံစမ်းနေကြောင်း မြင်းခြံခရိုင် အမှတ်(၈) တပ်ရင်း-NRDF အဖွဲ့က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအား မြင်းခြံခရိုင် အမှတ်(၈) တပ်ရင်း - NRDF ၏ Drone တပ်ဖွဲ့ ၊ စစ်ကိုင်းခရိုင် ဒရုန်းတပ်ဖွဲ့၊ မိတ္ထီလာခရိုင် တပ်ရင်း (၃)နှင့် မြင်းခြံမြို့နယ် ပကဖ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၂)ရက်နေ့ကလည်း မြင်းခြံမြို့နယ် စွန်းလွန်းဂိတ်အား မြင်းခြံခရိုင် အမှတ်(၈) တပ်ရင်း - NRDF ၏ Drone တပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့များက Fixed Wing Drone များဖြင့် ဗုံးသီး (၅) လုံးကြဲချတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုများရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Natogyi Regional Defence Force - NRDF • မြင်းခြံခရိုင် အမှတ် - ၈ တပ်ရင်း (ပုံဟောင်း)