ဒုစရိုက်မှုများအား ကာကွယ်နိုင်ရန် ရွှေဆိုင်ပိုင်ရှင်များအနေဖြင့် လုံခြုံရေး ကြိုတင်ပြင်ဆင်ကြရန် ရွှေအသင်းမှ သတိပေး

ဒုစရိုက်မှုများအား ကာကွယ်နိုင်ရန် ရွှေဆိုင်ပိုင်ရှင်များအနေဖြင့် လုံခြုံရေး ကြိုတင်ပြင်ဆင်ကြရန် ရွှေအသင်းမှ သတိပေး

ရန်ကုန်တိုင်း လှိုင်မြို့နယ်တွင် ရွှေသေတ္တာများကို လုယက်သွားသည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီးနောက် ဒုစရိုက်လုယက်မှုများအား ကာကွယ်နိုင်ရန် ရွှေဆိုင်ပိုင်ရှင်များအနေဖြင့် လုံခြုံရေး ကြိုတင်ပြင်ဆင်ကြရန် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ သတိပေးချက်ထုတ်ပြန်သည်။

ရန်ကုန်တိုင်းအတွင်း ရွှေဆိုင်ပိုင်ရှင်များအနေဖြင့် မိမိရွှေဆိုင်များတွင် CCTV များတပ်ဆင်ထားသည့်အတိုင်း မိမိတို့ နေထိုင်သည့် အိမ်နေရာပတ်ဝန်းကျင်နှင့် ကားပါကင်နေရာများတွင် CCTV Camera များတပ်ဆင်ခြင်း ၊ အ‌ရေးပေါ် Alarm Bell များ တပ်ဆင်ခြင်း၊ မိမိတို့ ရွှေ၊ငွေ သယ်ဆောင်သည့် ကားများတွင် Camera များ တပ်ဆင်ခြင်း ၊ GPS စနစ်များ ထားရှိခြင်းတို့ကို ကြိုတင်ပြင်ဆင်ထားပြီး ဒုစရိုက်လုယက်မှုများ မဖြစ်ပေါ်အောင် ကာကွယ်နိုင်ကြောင်း ရွှေလုပ်ငန်းရှင်များအသင်းမှ သတိပေးသည်။

၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၁)ရက်နေ့တွင် ကမာရွတ်မြို့နယ်တွင် ဖွင့်လှစ်ထားသည့် ရွှေယုံရွှေဆိုင်မှ သေတ္တာသုံးလုံးဖြင့်

ထည့်ထားသည့် ရွှေထည်ငါးပိသာကို ပိုင်ရှင်က နေအိမ်သို့ ကားဖြင့်ပို့ခိုင်းစဥ် အိမ်ရှေ့သို့ရောက်ချိန်၌ သေနတ်ပစ်ဖောက် လုယက်မှုဖြစ်ပွားခဲ့ပြီးနောက် ရွှေလုပ်ငန်းရှင်များအသင်းမှ သတိပေးချက်ထုတ်ပြန်ခြင်းဖြစ်သည်။

#TachileikNewsAgency

Photo: ရန်ကုန်မြို့မှ ရွှေဆိုင်အားတွေ့ရစဥ် (ပုံဟောင်း)