ပုလောမြို့နယ်တွင် ခရီးသည်တင်လှေနစ်မြုပ်ကာ အများအပြားပျောက်ဆုံးနေ

ပုလောမြို့နယ်တွင် ခရီးသည်တင်လှေနစ်မြုပ်ကာ အများအပြားပျောက်ဆုံးနေ

တနင်္သာရီတိုင်း ပုလောမြို့နယ် ကျောက္ကာကျေးရွာမှ မြိတ်မြို့သို့ သွားသည့် လူဦးရေ(၇၀)ဝန်းကျင် လိုက်ပါလာသော ခရီးသည်တင်လှေ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၂၀)ရက်နေ့ ညပိုင်းက နစ်မြုပ်ပြီး အများအပြားသေဆုံးကာ (၂၀)ဦးခန့်သာ ကယ်တင်နိုင်သည်ဟု ဒေသခံများထံမှ သိရသည်။

အဆိုပါ ခရီးသည်လှေတွင် စစ်ရှောင်များ၊ ပြည်တွင်းပြန်လာသူများပါဝင်နေပြီး လှေထွက်ခွာပြီး မိနစ်အနည်းငယ်အကြာတွင် လှိုင်းကြီးပြီး လှေနစ်မြုပ်သွားရာက အများအပြား ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။



 

“လက်တလောတော့ ဒီနေ့မနက်ပိုင်းအထိ သေဆုံးသူများတယ်။ ၇ ဦးအလောင်းပြန်တွ့တယ်။ (၂၀)ဦးလောက် ကယ်တင်ထားနိုင်တယ်။ ကယ်ဆယ်ရေးလုပ်နေကြတုန်းပဲ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

လက်ရှိတွင် ပုလောမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေပြီး မြိတ်-ပုလော-ထားဝယ် အမှတ်(၈) ပြည်ထောင်စု လမ်းမကြီးတွင် တိုက်ပွဲဆက်လက်ပြင်းထန်နိုင်ပြီး ပြည်သူများအနေဖြင့် အမှတ် (၈) ပြည်ထောင်စုလမ်းမကြီး အား အသုံးပြု၍ ခရီးသွားလာခြင်း မပြုလုပ်ရန်လည်း တော်လှန်ရေးတပ်များက မေတ္တာရပ်ခံထားသည်။

#TachileikNewsAgency

Photo: CJ