မကွေးတိုင်း မြိုင်မြို့နယ်တွင် ပျူစောထီးရွာအား ရိက္ခာပို့ရန် ပြည်သူပိုင်းကားအား ချောဆွဲလာသည့်ယာဉ်ကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုများမှ ပူးပေါင်းဖမ်းဆီးရမိထားကြောင်း သိရသည်။
၂၀၂၄ခုနှစ် အောက်တိုဘာလ (၁၉)ရက်နေ့က မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် ပခုက္ကူမြို့ အခြေစိုက် တပ်မ(၁၀၁)မှ ပြည်သူပိုင်ကားများအားချောဆွဲ၍ ပျူစောထီး ရွာများသို့ ရိက္ခာပို့ရန်လာစဉ် ဖမ်းဆီးရမိထားကြောင်း သိရသည်။
ဖမ်းဆီးထားသောကားများမှာ သရက်ကွရွာ ပျူစောထီးစခန်းသို့ ရိက္ခာပို့မည့် Light Truck ကားနှစ်စီးနှင့် ဆန်အိတ် (၅၀)၊ ဆား (၅၀) Kgတစ်အိတ်တို့ကို ကားသမားများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးပြီးနောက် ကားပိုင်ရှင်နှင့် ကားသမားများအား လိုအပ်သည်များစစ်ဆေးမေးမြန်း၍ ပြန်လွှတ်ခဲ့ပြီး ရိက္ခာများအား သိမ်းဆည်းထားကြောင်း သိရသည်။
#TachileikNewsAgency
Photo: မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အနောက်ပိုင်းဇုံ