ကလေးမြို့ ခမရ ၃၆၃ မှ တပ်ကြပ်ကြီးစာရေးတစ်ဦး CDM လုပ်ပြီး CDF -KKG သို့ အလင်းဝင်

ကလေးမြို့ ခမရ ၃၆၃ မှ တပ်ကြပ်ကြီးစာရေးတစ်ဦး CDM လုပ်ပြီး CDF -KKG သို့ အလင်းဝင်
နိုဝင်ဘာ 30, 2021 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ အင်ဒိုင်းလေးမှ အမှတ် (၃၆၃)ခြေမြန်တပ်ရင်းမှ ကိုယ်ပိုင်အမှတ် တ/၄၉၇၉၇၆ တပ်ကြပ်ကြီးစာရေးဖြစ်သူ  Mang Bawi Hring သည် CDM လုပ်ပြီး အလင်းဝင်လာကြောင်း ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၃၀) ရက်နေ့တွင် Chinland Defense Force, Kalay-Kabaw-Gangaw (CDF-KKG) က သတင်းထုတ်ပြန်သည်။

အဆိုပါ တပ်ကြပ်ကြီးစာရေးနှင့်အတူ အခြား နှစ်ဦးလည်း ပါဝင်သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားပြီး CDF -KKG သို့ အလင်းဝင်လာသူ စုစုပေါင်း (၆) ဦးရှိပြီဟု သိရသည်။

အာဏာသိမ်းအဖွဲ့လက်အောက်ရှိ လက်နက်ကိုင်အဖွဲ့များမှ CDM လုပ်ပြီး လုံခြုံစိတ်ချရသော နယ်မြေသို့ သွားလိုသူများအနြေဖင့် လက်နက်/ကျည်အပြည့်အစုံ ယူလာကြပါက ဆုကြေးငွေပါ ချီးမြှင့်မည်ဖြစ်ပြီး လက်နက်/ကျည် ပါမလာသူများကို  CDF-KKG အနေဖြင့် တာဝန်ယူပို့ဆောင်နိုင်ခြင်းမရှိတော့ကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။