အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အလုပ်သမားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နီနှင့် ရန်ကုန်တိုင်းစစ်ဌာန၊ စစ်ဆင်ရေးတာဝန်ခံ ရဲဘော်ဒေဝတို့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၂)ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ ဒေါနစစ်ကြောင်းသို့ သွားရောက်ကာ ရဲဘော်များနှင့် တွေ့ဆုံခဲ့သည်ဟု သိရသည်။
ရေးမြို့နယ်တောင်ပိုင်းရှိ တော်လှန်ရေးမဟာမိတ်အင်အားစုများနှင့် တွေ့ဆုံခဲ့ပြီး တွေ့ဆုံပွဲတွင် အလုပ်သမားရေးရာ ဒုတိယဝန်ကြီးက တော်လှန်ရေးရဲဘော်များနှင့်တွေ့ဆုံကာ စစ်ကောင်စီတပ်သည် တစ်နေ့ထက်တစ်နေ့ အင်အားယုတ်လျော့လာသည်ကိုမြင်နေရပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် မဟာမိတ်တပ်ပေါင်းစုများ ဖြစ်ပေါ်မှုကိုမြင်ရခြင်းအား ဝမ်းသာမိကြောင်း ပြောဆိုခဲ့ကြောင်း သိရသည်။
တော်လှန်ရေးအတွက် ကောင်းမွန်သည့် အရှိန်အရွှေ့တစ်ခုလည်းဖြစ်ကာ တော်လှန်ရေး (၃)နှစ်နီးပါးကာလအတွင်း အောင်မြင်မှု၊ ဆုံးရှုံးမှုပေါင်းများစွာ တွေ့ကြုံခံစားခဲ့ရသည့် ရဲဘော်များ၏ စိတ်ဓါတ်ခွန်အား တက်ကြွစေရန်လည်း အားပေးစကားပြောကြားခဲ့သည်ဟုလည်း သိရသည်။
#TachileikNewsAgency
Photo: Dawna Column-တောင်ပိုင်းစစ်ဒေသ