မကွေးတိုင်း နှင့် ချင်းပြည်နယ် နယ်စပ်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များ၏ (၇)ရက်တာ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က (၂၀)ကျော် သေဆုံး

Photo: People defence Force - Saw Township
Photo: People defence Force - Saw Township
 မကွေးတိုင်း နှင့် ချင်းပြည်နယ် နယ်စပ်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များ၏ (၇)ရက်တာ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က (၂၀)ကျော် သေဆုံး
ဖေဖော်ဝါရီ 26, 2022 | အခြားဒေသများ

မကွေးတိုင်း နှင့် ချင်းပြည်နယ် နယ်စပ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နှင့် အာဏာသိမ်းစစ်ကောင်စီတို့၏ (၇)ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က (၂၀)ကျော်သေဆုံးသည်ဟု ဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က သတင်းထုတ်ပြန်လာသည်။

မကွေးတိုင်း၊ လောင်းရှည်မှ ချင်းပြည်နယ်သို့ ဦးတည်ထွက်ခွာသည့် အာဏာသိမ်း စစ်ကောင်စီ စစ်ကား(၁၆)စီး နှင့် အင်အား(၂၀၀)ဝန်းကျင်ကို PDF-SAW, CDF Kanpetlet, CNA ပူပေါင်းမဟာမိတ်တပ်ဖွဲ့များက ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၁၈)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၄)ရက်နေ့အထိ (၇)ရက်တာအတွင်း စစ်ကောင်စီတပ်ဘက်က (၂၀)ကျော် သေဆုံးခြင်း ဖြစ်သည်။



 လောင်းရှည်မှ ချင်းပြည်နယ်သို့ ဦးတည်ထွက်ခွာသည့် စစ်ယာဉ်တန်းကို ဖေဖော်ဝါရီလ(၂၀)ရက်နေ့က ဆွဲလွဲကျင်းတွင် လည်းကောင်း၊ ဖေဖော်ဝါရီလ(၂၁)ရက်နေ့က ကြားတစ်နေရာတွင် လည်းကောင်း၊ ဖေဖော်ဝါရီလ(၂၂)ရက်နေ့က ရေရှောင်မျက်ခင်ပြင်အနီးတွင်လည်းကောင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ဖေဖော်ဝါရီလ(၂၅)ရက်နေ့ နံနက်(၁၁)နာရီကျော်အချိန်က တိုက်ပွဲဖြစ်ရာဒေသကနေ ထောက်ပို့ရဟတ်ယာဉ်ဖြင့် စစ်ကောင်စီတပ်သား လူနာ(၅)ဦးကို တင်ဆောင်ပြီး ကျောက်ထုအမြှောက်တပ်ထဲသို့ဆင်းသွားကြောင်းလည်း သိရသည်။

ပြည်သူ့ကာကွယ်ရေး မဟာမိတ်ပူးပေါင်းအဖွဲ့များသည် ပြောက်ကျားတိုက်ခိုက်မှု လုပ်ဆောင်ခြင်း ဖြစ်သည့်အတွက် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သတင်းထုတ်ပြန်ထားရှိသည်။