ရန်ကုန်မြို့တွင် စစ်ကောင်စီတပ်က လုံခြုံရေးတင်းကြပ်နေသည့်ကြားမှ ရန်ကုန်တော်လှန်ညီနောင်(၄)ဖွဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၁၆)ရက်နေ့တွင် ဆန္ဒပြကြောင်း သိရသည်။
Kyimyindaing Networks(KMD18)၊ Mayangone Democratic Front(MDF)၊ Owl Community နှင့် Linn Yaung Ni Youth Organization (LYNYO)တို့က “ကျွတ်မနေနဲ့ ကြုံး" လူထုလှုံ့ဆော်မှု ကြွေးကြော်သံဖြင့် စာသားချိတ်ဆွဲပြီး အကြမ်းဖက်စစ်တပ် ဆန့်ကျင်ရေး အာဏာဖီဆန် တော်လှန်ပုန်ကန် လှုပ်ရှားမှုကို ပြုလုပ်ကြောင်း သိရသည်။
"မလွတ်လပ်သေးသရွေ့ သီတင်းကျွတ်လည်းမရှိဘူး၊ ဘာပွဲတော်မှမရှိဘူး တိုက်ပွဲပဲရှိတယ်။ ဘာကိုမှ ကျွတ်ကျဲ မနေနဲ့ ကြောက်မနေနဲ့ လုပ်စရာရှိတာဆက်လုပ်ကြမယ်၊ ကြုံးကြမယ်။ တစ်ယောက်တည်းကျန်လည်း ကိုယ့်အရိပ်နဲ့ ကိုယ်လက်တွဲ ငါတို့ဆက်တိုက်မယ်၊ ငါတို့မှာ ငါတို့ရှိတယ်။ ငါတို့အိမ်ပြန်လမ်း ဘယ်သူမှ တားဆီးခွင့်မရှိဘူး။ ဘယ်နိုင်ငံမှ ဝင်ရောက်ခြယ်လှယ်ခွင့်မရှိဘူး။ ဘာမှကျွတ်မနေနဲ့ ကြုံး... ငါတို့ခေါင်းဆောင်တွေ လက်လွှတ်ရလည်း ဆက်တိုက်မှာပဲ။ ငါတို့ရဲဘော်တွေ လက်လွှတ်ရလည်း ဆက်တိုက်မှာပဲ။ စစ်သုံးစစ်မပြတ်သရွေ့ ငါတို့ တိုက်ကြမယ်။ လူထုတိုက်ပွဲနဲ့ လက်နက်ကိုင်တော်လှန်ရေးပေါင်းစပ်အောင်ပွဲ ငါတို့နွှဲကြမယ်။ အရာရာဟာ ပြည် သူ့သဘောထားအတိုင်း ဖြစ်ရမယ်။ ပြည်သူသည်သာ အခရာ အရာရာကိုပြောင်းလဲနိုင်သည်။”ဟု Mayangone Democratic Front က ထုတ်ပြန်ရေးသားထားသည်။
#TachileikNewsAgency
Photo: Mayangone Democratic Front