သီပေါမြို့တွင် ဖမ်းဆီးရမိထားသည့် တပ်မိသားစုဝင် (၁၉၁)ဦးကို TNLA ပြန်လွှတ်ပေး

သီပေါမြို့တွင် ဖမ်းဆီးရမိထားသည့် တပ်မိသားစုဝင် (၁၉၁)ဦးကို TNLA ပြန်လွှတ်ပေး

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့တွင် အခြေစိုက်တပ်စွဲထားသည့် စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း (၅၀၃)နှင့် (၅၀၄)တပ်စခန်းတို့အား တိုက်ခိုက်သိမ်းပိုက်စဥ် ဖမ်းဆီးရမိသည့် တပ်မိသာစုးဝင် (၁၉၁)ဦးကို TNLA က ၂၀၂၄ခုနှစ် အောက်တိုဘာလ (၁၂)ရက်နေ့တွင် ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်၊ 

ပြီးခဲ့သည့် စက်တင်ဘာလ (၂၆)ရက်နေ့တွင် သီပေါမြို့ရှိ စစ်ကောင်စီ၏ (၅၀၃)တပ်စခန်းအား TNLA သိမ်းပိုက်နိုင်ခဲ့ပြီး အဆိုပါတပ်အတွင်းရှိ အိမ်ထောင်စု (၃၈)စုမှ အမျိုးသား (၁၁)ဦး၊ အမျိုးသမီး (၄၈)ဦး၊ ကလေး (၄၃)ဦး စုစုပေါင်း တပ်မိသားစုဝင် (၁၀၂)ဦးကို ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်သည်ဟု သိရသည်။ 

ထို့အပြင် စက်တင်ဘာလ(၂၇)ရက်နေ့တွင် (၅၀၄) တပ်စခန်းအား ထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီး အဆိုပါတပ်အတွင်းရှိ အိမ်ထောင်စု(၃၄)စုမှ အမျိုးသား (၁၆)ဦး၊ အမျိုးသမီး (၃၉)ဦး၊ ကလေး (၃၄)ဦး စုစုပေါင်း တပ်မိသားစုဝင် (၈၉)ဦးကို ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်ကြောင်း သိရသည်။ 

၎င်းတို့ကို အောက်တိုဘာလ (၁၂)ရက်နေ့တွင် TNLA မှ လူသားချင်းစာနာထောက်ထားသောအားဖြင့် ကား(၄)စီးဖြင့် ပြန်လွှတ်ပေးလိုက်သည်ဟု သိရသည်။ 

ထို့အပြင် အောက်တိုဘာလ (၁၂)ရက်နေ့တွင် နောက်ဆုံးကျန်ရှိသည့် သီပေါမြို့ရှိ ခြေလျင်တပ်ရင်း ခလရ(၂၃) တပ်စခန်းအား TNLA မှ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး သီပေါမြို့ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့သည်ဟုလည်း တရားဝင်ထုတ်ပြန်သည်။

#TachileikNewsAgency

Photo: PSLF/TNLA News