မြိုင်မြို့နယ် ကန်နီရွာရှိ ပျူစောထီးများအား တော်လှန်ရေးအင်အားစုများမှ ဒရုန်းဖြင့် ဗုံးသီးပစ်ချ တိုက်ခိုက်

မြိုင်မြို့နယ် ကန်နီရွာရှိ ပျူစောထီးများအား တော်လှန်ရေးအင်အားစုများမှ ဒရုန်းဖြင့် ဗုံးသီးပစ်ချ တိုက်ခိုက်

မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့နယ် ကန်နီရွာရှိ ပျူစောထီးများအား တော်လှန်ရေးအင်အားစုများမှ ဒရုန်းဖြင့် ဗုံးသီးပစ်ချ တိုက်ခိုက်ကြောင်း Burmese Peacock Defense Force–BPDF အဖွဲ့မှ ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၁၃) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မြိုင်မြို့နယ် ကန်နီရွာရှိ ပျူစောထီးများအား ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၁)ရက်နေ့တွင် တော်လှန်ရေးအင်အားစုများက RC Plane များဖြင့် ဗုံးသီးပစ်ချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုဆောင်ရွက်ပြီးနောက် ပျူရွာအတွင်းမှ ရဲတဦး MA-3 တလက်ဖြင့် PDF တပ်ဖွဲ့များထံ လက်နက်ချ အလင်းဝင်ရောက်ခဲ့ပြီး ၊ တိုက်ခိုက်မှုကြောင့် ပျူရွာအတွင်းရှိ ကင်းတဲတလုံး ပျက်စီးခဲ့သည်ဟု အလင်းဝင်လာသူထံမှ ပြန်လည်သိရှိရကြောင်း Burmese Peacock Defense Force–BPDF အဖွဲ့က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအား ဗမာ့ဒေါင်းတပ်ဖွဲ့ (Burmese Peacock Defense Force–BPDF) နှင့် မဟာမိတ်အဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Burmese Peacock Defense Force-BPDF