စစ်တွေထောင်မှ ပုသိမ်ထောင်သို့ ထောင်ပြောင်း‌ရွှေ့ခံရသည့် အကျဥ်းသားများ စားသောက်‌ရေးခက်ခဲနေ

စစ်တွေထောင်မှ ပုသိမ်ထောင်သို့ ထောင်ပြောင်း‌ရွှေ့ခံရသည့် အကျဥ်းသားများ စားသောက်‌ရေးခက်ခဲနေ

ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်မှ ထောင်ပြောင်းရွှေ့ခံရသည့် အကျဉ်းသားများ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၀)ရက်နေ့ ညနေပိုင်းတွင် ဧရာဝတီတိုင်း ပုသိမ်အကျဉ်းထောင်သို့ ရောက်ရှိလာကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ထံမှ သိရသည်။ 

ထောင်ပြောင်းခံရသည့် နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသား (၃၅၁)ဦးသည် စားသောက်နေထိုင်ရေး ခက်ခဲနေသဖြင့် ပြည်သူများ ကူညီထောက်ပံ့မှုများကို မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ တဆင့် ကူညီပေးနိုင်ကြောင်း သိရသည်။ 

စစ်တွေအကျဉ်းထောင်မှ အကျဉ်းသား(၇၀၀)နီးပါးကို စစ်ကောင်စီက ပြီးခဲ့သည့် အောက်တိုဘာလ(၈)ရက်နေ့က စစ်ရေယာဉ်များနှင့် ခေါ်ထုတ်သွားခြင်း ဖြစ်သည်။ 

စစ်တွေအကျဥ်းထောင်မှ အကျဉ်းသား (၃၀၀)ကျော်ကို စစ်ကောင်စီက အောက်တိုဘာလ (၈)ရက်နေ့ နံနက်ပိုင်းနှင့် အကျဥ်းသား (၄၀၀)ကို ယင်းနေ့ညပိုင်းတွင် ခေါ်ထုတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

ထောင်ပြောင်းရွှေ့ခံရသည့် အကျဉ်းသားများထဲတွင် စစ်တွေမြို့ ဗျိုင်းဖြူရွာမှ မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁)၊ ရာဇဝတ်မှုဥပဒေပုဒ်မ ၁၈၈ တို့ဖြင့် ထောင်ဒဏ်ကျခံနေရသည့် အကျဉ်းသားများနှင့် အခြား နိုင်ငံရေးအကျဥ်းသားများပါဝင်သည်ဟု သိရသည်။

#TachileikNewsAgency