သန္နီမြို့နယ်ကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲ

သန္နီမြို့နယ်ကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲ

ရှမ်းပြည်နယ်မြောက်ပိုင်း သန္နီမြို့နယ်ကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၁၀)ရက်နေ့ နံနက်ပိုင်းတွင် လေကြောင်းမှ တိုက်ခိုက်ရာ ဒေသခံ(၅)ဦး ဒဏ်ရာရပြီး နေအိမ်နှင့် ကားများ ပျက်စီးသွားကြောင်း သတင်းအရင်းအမြစ်ထံမှ သိရသည်။

သန္နီမြို့နယ် ပန်လော့ကျေးရွာအုပ်စု မန်ချက်ရွာကို စစ်ကောင်စီတပ်က နံနက်(၂)နာရီအချိန်တွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူသေဆုံးမှုမရှိသော်လည်း ဒဏ်ရာရသူ (၅)ဦးရှိပြီး နေအိမ်နှင့် ကားများ ပျက်စီးသွားသည်ဟု သိရသည်။

သိန္နီမြို့တွင်း အင်တာနက်လိုင်းများ ပြတ်တောက်နေပြီး အသေးစိတ်အချက်အလက်ကိုမူ မသိရသေးပါ။

#TachileikNewsAgency

Photo: Nay Wai Soe