ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်

ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်
အောက်တိုဘာ 7, 2024 | 2021 Military Coup| အခြားဒေသများ



 



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ၏ ဒုတိယ ဥက္ကဌ၊ မန္တလေးတိုင်းဝန်းကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ(၇)ရက်နေ့ နံနက်(၃)နာရီအချိန်က ကွယ်လွန်သွားကြောင်း သိရသည်။



၂၀၁၉ခုနှစ် ဝန်းကျင်ကတည်းက သွေးကင်ဆာရောဂါဖြင့် ဆေးကုခံနေရသည့် ဒေါက်တာဇော်မြင့်မောင်သည် အာဏာသိမ်းကာလ ဖမ်းခံရသည့်အချိန်က စပြီး မန္တလေးအိုးဘိုထောင်အတွင်း ဆေးကုသမှုခံယူနေရာမှ ဇွန်လ(၂၅)ရက်နေ့က မန္တလေးဆေးရုံကြီးတွင် ပြောင်းရွေ့ကုသနေရခြင်းဖြစ်ရာ အောက်တိုဘာလ(၇)ရက်နေ့ နံနက်(၃)နာရီတွင် ကွယ်လွန်သွားခြင်း ဖြစ်သည်။





အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အား ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့ အာဏာသိမ်းသည့်နေ့မှာပင် ဖမ်းဆီးထားလိုက်ပြီး Covdi-19 စည်းကမ်းများကို ချိုးဖောက်မှု နှင့် အဂတိလိုက်စားမှုအပြင် ရွေးကောက်ပွဲမဲမသမာခြင်းများကြောင့်ဟု စွပ်စွဲအကြောင်းပြကာ အိုးဘိုထောင်တွင် ထောင်ဒဏ် (၂၈)နှစ်အထိ ချမှတ်ထားခြင်း ဖြစ်သည်။



၎င်းမကွယ်လွန်မီ သတိမေ့မျောနေချိန်ဖြစ်သည့် အောက်တိုဘာလ(၆)ရက်နေ့ ညနေပိုင်းတွင် အာဏာသိမ်း စစ်ကောင်စီဘက်က လွှတ်ငြိမ်းစာလာရောက် ဖတ်ကြားခဲ့သေးသည်ဟု ဆိုသော်လည်း ဒေါက်တာဇော်မြင့်မောင်အနေဖြင့် အဆိုပါ လွှတ်ငြိမ်းစာအကြောင်းကို သိရှိသွားဟန် မတူဟု ၎င်း၏ မိသားစုနှင့် နီးစပ်သူများထံက သိရသည်။