မြဝတီ-ကော့ကရိတ်လမ်းဟောင်းတွင် ကုန်ကားတစ်စီး ပေ ၁၀၀ အနက် ချောက်တွင်းထိုးကျကာ ယာဉ်မောင်း သေဆုံး

မြဝတီ-ကော့ကရိတ်လမ်းဟောင်းတွင် ကုန်ကားတစ်စီး ပေ ၁၀၀ အနက် ချောက်တွင်းထိုးကျကာ ယာဉ်မောင်း သေဆုံး
အောက်တိုဘာ 3, 2024 | အခြားဒေသများ

ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် ဒေါနတောင်လမ်းဟောင်းတွင် ယနေ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၃)ရက်နေ့ နံနက်ပိုင်းက (၁၀)ဘီးကုန်တင်ကားတစ်စီး  ချောက်အတွင်းသို့ ထိုးကျကာ ယာဉ်မောင်း ပွဲချင်းပြီး သေဆုံးသွားကြောင်း အလင်းသစ်လူမှုကူညီရေးအသင်းထံမှ သိရသည်။

ကုန်တင်ကားသည် မြဝတီ-ကော့ကရိတ် ဒေါနတောင်လမ်းဟောင်း ချောက်ကပါးနှင့် အလယ်ဗိုလ်တဲကြားတွင် ပေ(၁၀၀)ခန့်ရှိသည့် ချောက်အတွင်းသို့ ထိုးကျသွားခြင်းဖြစ်ပြီး ယာဥ်မောင်းမှာ ကားနှင့်ပိနေသည့်အတွက် ကားကိုဆွဲမပြီးမှသာ ယာဥ်မောင်း၏ ရုပ်အလောင်းကို ထုတ်ယူခဲ့ရသည်ဟု သိရသည်။

#TachileikNewsAgency

Photo: အလင်းသစ်လူမှုကူညီရေးအသင်း