ဘုတလင်တိုက်ပွဲပြန် ကျောင်းသားလက်ရုံးတပ်တော် ရဲဘော်များကို ဒေသခံများ ကြိုဆို စစ်ကောင်စီက ရွာများကို ဗုံးကြဲ  

ဘုတလင်တိုက်ပွဲပြန် ကျောင်းသားလက်ရုံးတပ်တော် ရဲဘော်များကို ဒေသခံများ ကြိုဆို စစ်ကောင်စီက ရွာများကို ဗုံးကြဲ  

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် တိုက်ပွဲမှပြန်လာသည့် Student Armed Force-ကျောင်းသားလက်ရုံးတပ်တော် မှ ရဲဘော်များကို ဒေသခံလူထုက ကြိုဆိုကြကြောင်း သိရသည်။ 

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ကူတော်ရွာ အခြေချစခန်းကမှ ထွက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ၂၀၂၄ခုနှစ် စက်တင်ဘာလလ (၃၀) ရက်နေ့က  ကျောင်းသားလက်ရုံးတပ်တော်နှင့် မဟာမိတ်ပူးပေါင်းစစ်ကြောင်းက စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 



 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၃၁)ဦးသေပြီး စစ်သုံ့ပန်း (၄၂)ဦး ဖမ်းမိကာ လက်နက်မျိုးစုံ (၅၀)လက်နှင့် ကျည်မျိုးစုံတို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု Student Armed Force က ထုတ်ပြန်ထားသည်။ 

ယနေ့ အောက်တိုဘာလ (၂)ရက်နေ့တွင် ဘုတလင်မြို့နယ်အတွင်းရှိ မောင်းထောင်ရွာကို စစ်ကောင်စီတပ်က လေယာဉ်(၂)စီးအသုံးပြုပြီး ဗုံး(၃)လုံးကြဲချတိုက်ခိုက်ရာ စာသင်ကျောင်း၊ ဆေးခန်းနှင့် ဓမ္မာရုံများ ပျက်စီးသွားကြောင်း သိရသည်။

စာသင်ကျောင်းမှာ ကျောင်းမဖွင့်သည်မှာကြာပြီဖြစ်ပြီး ဗုံးကြဲခံရခြင်းကြောင့် ဒေသခံတစ်ဦး နားအုံအနောက်ဖက် ရှပ်ထိဒဏ်ရာရရှိခဲ့ကာ မောင်ထောင်ရွာကို ကူတော်ရွာနယ်မြေခံရဲစခန်းမှလည်း လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Student Armed Force-ကျောင်းသားလက်ရုံးတပ်တော်