​မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် စစ်​ကောင်စီမှ အကျဥ်းသား ၃၀၀၀ကျော် လွတ်ငြိမ်းခွင့်ပေး

​မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် စစ်​ကောင်စီမှ အကျဥ်းသား ၃၀၀၀ကျော် လွတ်ငြိမ်းခွင့်ပေး

မြန်မာ့နှစ်ဆန်းတစ်ရက်နေ့အဖြစ် နိုင်ငံအတွင်း အကျဥ်းထောင်၊ အချုပ်ထောင်၊ အကျဥ်းစခန်းအသီးသီးမှ အကျဥ်းသား စုစုပေါင်း (၃၃၀၃)ဦးကို 

ယနေ့ ၂၀၂၄ခုနှစ် ဧပြီလ (၁၇)ရက်နေ့တွင် လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်သည်ဟု စစ်ကောင်စီက ထုတ်ပြန်သည်။

စစ်ကောင်စီ လွတ်ငြိမ်းခွင့်ပေးသည့် အကျဥ်းသားများထဲတွင် နိုင်ငံရေးပုဒ်မများဖြင့် တရားစွဲဆို ပြစ်ဒဏ်ချခံထားရသည့် နိုင်ငံရေးအကျဥ်းသား မည်မျှပါဝင်သည်ကိုမူ ရှင်းလင်းစွာ သိရှိ​ရခြင်းမရှိသေးပါ။

စစ်ကောင်စီ အာဏာသိမ်းပြီးချိန်မှစ၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၆,၅၂၄)ဦးရှိပြီး ထိုအထဲမှ (၂၀,၃၅၁)ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၈၉၄၀)ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရကြောင်း နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP၏ စာရင်းများအရသိရသည် ။

#TachileikNewsAgency