စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကိုင်းတွင်းရွာကို မီးရှို့ပြီး ကျွဲ၊ နွားများ နှင့် ပြည်သူပိုင်ပစ္စည်းများအား ခိုးယူသွားသည့် အကြမ်းဖက်စစ် ကောင်စီတပ်နှင့် ပျူစောထီးများကို ပြည်သူ့ကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၄)ဦးနှင့် တိုက်ခိုက်ရေး မကျွမ်းကျင်သည့် ပျူစောထီး(၁၀)ဦးအထက်သေကြောင်း သိရသည်။
မတ်လ(၁၈)ရက်နေ့က ပျူစောထီးများအား သင်တန်းပေးနေသည့် အင်မထီးရွာသို့ ၎င်းတို့ ခိုးယူသွားသည့် ပြည်သူပိုင်ပစ္စည်းများသို့ သယ်ဆောင်သွားကြသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်များက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မတ်လ(၁၉)ရက်နေ့က PRA မှ သတင်းထုတ်ပြန်ထားသည်။
ပျူစောထီးသင်တန်းပေးနေသည့် အင်မထီးရွာတွင် စစ်ကောင်စီတပ် အင်အား(၂၀)နှင့် ပျူစောထီး(၆၀)ဝန်းကျင် တပ်စွဲနေခြင်းဖြစ်ပြီး ပြည်သူ့တော်လှန်ရေးတပ်မတော်(PRA)၏ တပ်ခွဲ(၁၊၂၊၆၊၇၊၂၃၊၂၈၊ ၃၀)၊ ကျားသစ်နက်တပ်ဖွဲ့၊ PPDG၊ MVRF၊ ဒေါင်းနက်နယ်စည်းမခြားတပ်ဖွဲ့၊ ဖီးနက်ပြောက်ကျားတပ်တို့က ပူးပေါင်းတိုက် ခိုက်ခဲ့ကြခြင်းဖြစ်သည်။
ယင်းတိုက်ပွဲတွင် ပြည်သူ့တော်လှန်ရေး တပ်မတော်(PRA) တပ်ခွဲ (၂၃)နှင့် (၃၀)တို့မှ ရဲဘော်(၂)ဦးနှင့် မဟာမိတ်အဖွဲ့မှ ရဲဘော် (၁)ဦး ဒဏ်ရာရရှိခဲ့သော်လည်း အသက်အန္တရာယ် မစိုးရိမ်ရဟု သိရသည်။