မြိုင်မြို့မ ရဲစခန်းမှ ရဲတပ်ကြပ်နှင့် ဇနီးဖြစ်သူတို့ မြိုင်ပကဖထံ လက်နက်ခဲယမ်းများယူဆောင်လာပြီး အလင်းဝင်

မြိုင်မြို့မ ရဲစခန်းမှ ရဲတပ်ကြပ်နှင့် ဇနီးဖြစ်သူတို့ မြိုင်ပကဖထံ လက်နက်ခဲယမ်းများယူဆောင်လာပြီး အလင်းဝင်

မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့မ ရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦးနှင့် ၎င်း၏ အမျိုးသမီးဖြစ်သူတို့ လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိုင်ပကဖ) ထံမှ သိရသည်။

မြိုင်မြို့မရဲစခန်းမှမှ ရဲတပ်ကြပ်ကြီး အောင်ကိုနှင့် ဇနီး ဒေါ်စန်းစန်းလွင်တို့သည် ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂) ရက်နေ့ နံနက် (၆)နာရီခွဲတွင် လက်နက်ခဲယမ်းများနှင့်အတူ မြိုင်ပကဖထံ ချိတ်ဆက်အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတပ်ကြပ်သည် ၎င်းနှင့်အတူ G3 သေနတ်အမျိုးအစား (၁)လက် ၊ ကျည်ဘောက် (၂)ဘောက် နှင့် ကျည် (၁၂၅)တောင့် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ အနေဖြင့် အလင်းဝင်ရောက်လာသူများအား ကောင်းမွန်စွာ ကျွေးမွေးထားရှိပြီး ၊ ထိုက်သင့်အားလျော်သော ချီးမြှင့်မှုများ လုပ်ဆောင်ကာ နေရပ်သို့ ပို့ဆောင်ပေးရန်အတွက် စီစဉ်ထားရှိကြောင်း သိရသည်။

#TachileikNewsAgency

Photo: မြိုင်-ပကဖ