ညောင်ဦးမြို့နယ်တွင် စစ်ကောင်စီယဉ်တန်းကို တော်လှန်ရေးတပ်များ ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတချို့သေပြီး လက်နက်ခဲယမ်းများရရှိ

ညောင်ဦးမြို့နယ်တွင် စစ်ကောင်စီယဉ်တန်းကို တော်လှန်ရေးတပ်များ ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတချို့သေပြီး လက်နက်ခဲယမ်းများရရှိ

မန္တလေးတိုင်း ညောင်ဦးမြိုနယ် ငါ့သရောက်-ဇဂျမ်း လမ်းပေါ်တွင် ဖြတ်သန်းလာသော စစ်ကောင်စီယာဥ်တန်းကို တော်လှန်ရေးတပ်က တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၃)ဦး သေပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိကြောင်း Myingyan Black Tiger (MBT)ထံမှ သိရသည်။

၂၀၂၄ ခုနှစ် စက်တင်ဘာလ(၂၀)ရက်နေ့ ညနေပိုင်းက ကား(၄)စီးနှင့် ဆိုင်ကယ်(၃)စီး ပါဝင်သည့် စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ ရာ စစ်ကောင်စီတပ်သား (၃)ဦးသေပြီး M-22 (AK) သေနတ်တစ်လက်နှင့် ဆိုင်ကယ် (၃)စီးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ 

အဆိုပါ တိုက်ခိုက်မှုကို Myingyan Black Tiger (MBT) မြင်းခြံခရိုင် အမှတ်(၉) တပ်ရင်းနှင့်အတူ Popa Guerilla Force(PGF)၊ ညောင်ဦးခရိုင် တပ်ရင်း(၁)၊ ကျောက်ပန်းတောင်းမြိုနယ် ပကဖ၊ ညောင်ဦးမြို့နယ် ပကဖ(ပုဂံပြည် ဘီလူးတပ်)၊ ညောင်ဦးမြို့နယ် ပကဖ တပ်ခွဲ(၂)-(ရန်ကြီးအောင် PDF)၊ ညောင်ဦးခရိုင် တပ်ရင်း(၅)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency