စစ်တောင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက်ကျော်လွန်နေသဖြင့် မြစ်ကမ်းဘေးနေသူများရွှေ့ပြောင်းရန် မိုးဇလထုတ်ပြန် 

စစ်တောင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက်ကျော်လွန်နေသဖြင့် မြစ်ကမ်းဘေးနေသူများရွှေ့ပြောင်းရန် မိုးဇလထုတ်ပြန် 
စက်တင်ဘာ 23, 2024 | အခြားဒေသများ

စစ်တောင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက်ကျော်လွန်နေပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ (၂၃)ရက်နေ့တွင် ထုတ်ပြန်သည်။

ယနေ့ နံနက် (၇)နာရီခွဲအချိန် တိုင်းထွာချက်အရ မြစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် စိုးရိမ်ရေအမှတ်ထက် (၃)ပေခန့် ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း တစ်ပေထပ်တက်ကာ (၄)လက်မခန့် ကျဆင်းနိုင်သော်လည်း စိုးရိမ်ရေအမှတ်အထက် ဆက်ရှိနေနိုင်သည်ဟု ဆိုသည်။

မဒေါက်မြို့တွင်လည်း စိုးရိမ်ရေအမှတ်ထက် (၄)ပေခွဲခန့် ကျော်လွန်ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း (၃)လက်မခန့် ကျဆင်းနိုင်သော်လည်း စိုးရိမ်ရေအမှတ်အထက်တွင် ဆက်ရှိနေနိုင်သည်ဟု ထုတ်ပြန်ထားသည်။

“ရေတော့တက်နေတုန်း။ စစ်တောင်းမြစ်ကမ်းနားကရွာသားတွေပြောင်းရွှေ့ကုန်ပြီ။ ဝေါမြို့နယ်ထဲက ရေက အရမ်းတက်တာမဟုတ် နည်းနည်းခြင်းတက်တာ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ထို့ကြောင့် တောင်ငူမြို့နှင့် မဒေါက်မြို့တို့ရှိ စစ်တောင်းမြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းတို့တွင် နေထိုင်သော ဒေသခံများအနေဖြင့် ရေဘေးလွတ်ရာသို့ ရှောင်ရှားကြရန် အသိပေးထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာန