မန္တလေးတမြို့လုံး စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်သံများကြားနေရ

မန္တလေးတမြို့လုံး စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်သံများကြားနေရ

မန္တလေးမြိုအနီးတွင် လက်နက်ကြီး ကျရောက် ပေါက်ကွဲသံများ ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ (၂၁)ရက်နေ့ နံနက်ပိုင်းက ဆက်တိုက်ကြားနေရကြောင်း ဒေသခံများထံမှ သိရသည်။ 

ဒေသခံတချိူ့၏ ပြောဆိုချက်အရ နံနက်(၆)နာရီဝန်းကျင်မှစတင်ပြီး စစ်ကောင်စီတပ်သည် မန္တလေးမြို့ပေါ်မှ လက်နက်ကြီးများနှင့် ပစ်ခတ်နေသည်ဟု ဆိုသည်။ 

"အခုထိတော့ တောက်လျောက်ပဲ ကြားနေရတာ။ မြို့ပြင် သုံးဆယ်ပေးရွာဘက်နဲ့ စစ်ကိုင်းဘက်ခြမ်း မင်းကွန်းဘက်ကိုပစ်တာ။ အခုတော့ လေယာဥ်သံမကြားဘူး။ မနက် ၉ နာရီ ခွဲကျော်အထိ ကြားနေရတုန်းပဲ။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။ 

စစ်ကောင်စီတပ်သည် မန္တလေးတောင်ပေါ်တွင် လက်နက်ကြီးအထိုင်ချပြီး ယင်းနေရာနှင့် မတ္တရာဘက်က ပစ်ခတ်ခြင်းများဖြစ်သည်ဟုလည်း ဆိုသည်။

"သုံးဆယ်ပေးဘက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာ။ လက်နက်ကြီးပစ်ကူနဲ့။ လေယာဥ်နဲ့ပါ ဗုံးကြဲတယ်။"ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်နက်ကြီးပစ်ခတ်သံများက်ု မန္တလေးတစ်မြို့လုံး ကြားရပြီး မည်သည့်နေရာကို ပစ်ခတ်နေခြင်းအား Tachileik News Agency အနေဖြင့် ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

#TachileikNewsAgency