ကျောက်ဆည်မြို့နယ်အတွင်း စစ်ကောင်စီယာဉ်တန်းအတွက် မိုင်းရှင်းလင်းနေသည့် ပြည်သူ့စစ်တဦးအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ပစ်ခတ်ရှင်းလင်း 

ကျောက်ဆည်မြို့နယ်အတွင်း စစ်ကောင်စီယာဉ်တန်းအတွက် မိုင်းရှင်းလင်းနေသည့် ပြည်သူ့စစ်တဦးအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ပစ်ခတ်ရှင်းလင်း 

မန္တလေးတိုင်း ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့မှ တံတားဦးလေတပ်သို့ မောင်းနှင်မည့် စစ်ကောင်စီယာဉ်တန်းအတွက် မိုင်းရှင်းလင်းနေသည့် ပြည်သူ့စစ်တစ်ဦးအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ပစ်ခတ်ရှင်းလင်းကြောင်း ကျောက်ဆည်မြို့နယ်တော်လှန်ရေးတပ် (K.R.A) ထံမှ သိရသည်။

ကျောက်ဆည်မြို့မှ တံတားဦးလေတပ်သို့ မောင်းနှင်မည့် စစ်ကောင်စီယာဉ်တန်းအတွက် ရှေ့ပြေးမိုင်းပွိုင့်များကို ခြေလျှင်ရှာဖွေနေသည့် ပြည်သူ့စစ်တစ်ဦးအား ၂၀၂၄ခုနှစ် သြဂုတ်လ (၃) ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါပြည်သူ့စစ်သည် ယခင် ဒုအရာခံဗိုလ်ဖြင့် ပင်စင်ယူထားပြီး စစ်ကောင်စီနှင့်ပူးပေါင်း၍ ပြည်သူ့စစ်အမာခံအဖြစ် ဆောင်ရွက်နေသူဖြစ်ကြောင်း ကျောက်ဆည်မြို့နယ်တော်လှန်ရေးတပ် (K.R.A) က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအား ကျောက်ဆည်မြို့နယ်တော်လှန်ရေးတပ် KRA၊ ကျောက်ဆည် KDDF နှင့် ကျောက်ဆည်ဒေါင်းမင်းညီနောင်ပြောက်ကျားတပ်ဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Kyaukse Revolution Army K.R.A