ဒီပဲယင်းမြို့နယ် တောင်ပြင်ရပ်ကွက်ရှိ ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ

ဒီပဲယင်းမြို့နယ် တောင်ပြင်ရပ်ကွက်ရှိ ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ
စက်တင်ဘာ 5, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ရေဦးခရိုင် ဒီပဲယင်းမြို့နယ် တောင်ပြင်ရပ်ကွက်ရှိ ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Freedom Revolution Force(FRF) အဖွဲ့ထံမှ သိရသည်။

၂၀၂၄ခုနှစ် စက်တင်ဘာလ (၄)ရက်နေ့ ညနေ (၅)နာရီခွဲခန့်တွင် ဒီပဲယင်း အထိုင်စခန်းမှ ထွက်လာသည့် အင်အား (၂၀)ခန့် ပါရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တောင်ပြင်ရပ်ကွက်ဘက်ရှိ ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း သတင်းရရှိ၍ တော်လှန်ရေးအင်အားစုများက သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အပြန်အလှန် ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်မှုအခြေအနေများကို ဆက်လက်စုံစမ်းနေကြောင်း Freedom Revolution Force (FRF) အဖွဲ့က ဆိုသည်။

တိုက်ခိုက်မှုအတွင်း တော်လှန်ရေးအင်အားစုများဘက်က ထိခိုက်မှုမရှိခဲ့ဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား Freedom Revolution Force(FRF)၊ ဒပယ တိုက်နယ် (၅) နှင့် တိုက်နယ် (၉) အဖွဲ့များမှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Freedom Revolution Force