လားရှိုးမြို့တွင် ပေါက်ကွဲမှုဖြစ်ပြီး ကလေးများဒဏ်ရာအပြင်းထန်ရ

လားရှိုးမြို့တွင် ပေါက်ကွဲမှုဖြစ်ပြီး ကလေးများဒဏ်ရာအပြင်းထန်ရ

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ (၂၁)ရက်နေ့တွင် ပေါက်ကွဲမှုဖြစ်ပြီး ကလေးတစ်ဦးအပါအဝင် (၄)ဦးဒဏ်ရာရကြောင်း သိရသည်။

လားရှိုးမြို့ ရက်ကွက်(၇)၊ နယ်မြေ (၆)ရှိ ရပ်ကွက်ရုံးရှေ့တွင် စစ်လက်နက်ကြွင်းကျန်တစ်ခု ပေါက်ကွဲကာ အသက် (၁၂)နှစ်အရွယ် ကလေးငယ်တစ်ဦး လက်နှစ်ဖက်ပြတ်ဒဏ်ရာရပြီး (၃)ဦး ပြင်းထန်ဒဏ်ရာရသည်ဟု TNLA ကထုတ်ပြန်ထားသည်။ 

အဆိုပါကလေးငယ်များမှာ ရပ်ကွက်ရုံးအနီးတွင် လက်နက်အမျိုးအစားမသိသည့် ကြွင်းကျန်စစ်လက်နက်တစ်ခုအား ကောက်ယူဆော့ကစားရာမှ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

လက်နှစ်ဖက်ပြတ်သည့် ကလေးငယ်မှာ မျက်လုံးပါ ထိခိုက်ခဲ့ပြီး ကျန်သည့်ကလေးငယ်များမှာ နဖူး၊ မျက်နှာ နှင့် ခြေထောက်စသည့်နေရာမျာတွင် ဒဏ်ရာအသီးသီးရရှိခဲ့ကြသည်ဟု သိရသည်။

အသက် (၁၀)အရွယ်ကလေးငယ်တစ်ဦးသာ မစိုးရိမ်ရသည့်ဒဏ်ရာ ရရှိထားကာ ကလေးငယ်များအားလုံး လားရှိုးဆေးရုံတွင် ဆေးကုသမှုခံယူနေသည်ဟု သိရသည်။

#TachileikNewsAgency

Photo: PSLF/TNLA News