အနန်းကွင်းဗျူဟာစခန်းသို့ စစ်ကူတက်လာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့  ၃ ရက်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွား

အနန်းကွင်းဗျူဟာစခန်းသို့ စစ်ကူတက်လာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့  ၃ ရက်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွား

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူ-သံဖြူဇရပ် ကားလမ်းရှိ  အနန်းကွင်းဗျူဟာစခန်းသို့ စစ်ကူတက်လာသည့် စစ်ကောင်စီ စစ်ကြောင်းနှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့  (၃) ရက်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း တောင်ပိုင်းစစ်ဒေသထံမှ သိရသည်။

အနန်းကွင်းဗျူဟာစခန်းသို့ စစ်ကူတက်လာသည့် ခမရ (၅၈၃) နှင့် (၅၈၇) မှ စစ်ကောင်စီတပ်သားများအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ၂၀၂၄ခုနှစ် သြဂုတ်လ (၂၇) ရက်နေ့မှ (၂၉) ရက်နေ့အထိ သုံးရက်ကြာ ဝန်းရံပိတ်ဆို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲပြီးဆုံးချိန်တွင် စစ်ကောင်စီဘက်မှ (၉)ဦး‌ သေဆုံးပြီး (၂၄)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟုသိရှိရပြီး အသေးစိတ်ကို ဆက်လက်စုံစမ်းနေကြောင်း တောင်ပိုင်းစစ်ဒေသက ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအား တောင်ပိုင်းစစ်‌ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃၊ နဂါးနီစစ်ကြောင်း (P29903)နှင့် KNLA ပူးပေါင်းတပ်များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အနန်းကွင်းဗျူဟာစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့များမှ သြဂုတ်လ ဒုတိယအပတ်အတွင်းမှ စတင် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီမှ စခန်းမကျစေရေးအတွက် လေကြောင်း၊ လက်နက်ကြီးဖြင့် ခုခံတိုက်ခိုက်ခြင်း၊ မြေပြင်စစ်ကူပို့ဆောင်ခြင်းများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency