မုံရွာ - ချောင်းဦး လမ်းပိုင်းတစ်နေရာတွင် စစ်ကောင်စီတပ် လုံခြုံရေးလိုက်ပါလာသည့် ကြေးနီသယ်ဆောင်သည့် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်

မုံရွာ - ချောင်းဦး လမ်းပိုင်းတစ်နေရာတွင် စစ်ကောင်စီတပ် လုံခြုံရေးလိုက်ပါလာသည့် ကြေးနီသယ်ဆောင်သည့် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်းအတွင်း မုံရွာမြို့အထွက် မုံရွာ - ချောင်းဦး လမ်းပိုင်းတစ်နေရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံရေးလိုက်ပါလာသည့် ကြေးနီသယ်ဆောင်သည့်ယာဉ်တန်းကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Area71 PDF Monywa မှ ၂၀၂၄ ခုနစ် မေလ ( ၁၆ ) ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဘက်မှ ထွက်လာသည့် ကြေးနီသယ်ဆောင်သည့် ကား ( ၇ ) စီးပါ ယာဉ်တန်းကို မုံရွာ - ချောင်းဦး လမ်းပိုင်းတစ်နေရာတွင် ကားလမ်းဘေးဝဲယာ၌ စစ်ကောင်စီတပ်များ ကင်းပုံးအထပ်ထပ်ချထားသည့်ကြားမှ (၅)လုံးပဒေသာ မိုင်းပွိုင့်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကြေးနီကား (၇)စီးမှာ (၂)တန်း တစ်သုတ် ၊ (၃)စီးတန်း တစ်သုတ် ၊ (၂)တန်း တစ်သုတ်စသည်ဖြင့် အသုတ်များ ခွဲ၍ ထွက်လာရာ ပထမ (၂)တန်းတစ်သုတ်မှ ပထမအစီးနှင့် ဒုတိယအစီးကို ထိထိမိမိ ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း Area71 PDF Monywa မှ ဆိုသည်။

တိုက်ခိုက်မှုပြီးနောက် လမ်းဘေးဝဲယာရှိ စစ်ကောင်စီကင်းပုန်းများမှ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်လာသော်လည်း တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

စစ်ကိုင်းတိုင်း ချောင်းဦး - မုံရွာ လမ်းပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များမှ စစ်ကောင်စီယာဉ်တန်းများကို အခွင့်အရေးရသလို မိုင်းဆွဲတိုက်ခိုက်မှုများပြုလုပ်နေပြီး ယခုတစ်ကြိမ်တိုက်ခိုက်မှုသည် မေလ လဝတ်ခန့်အတွင်း လေးကြိမ်မြောက်မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်သည်။