မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၂ ဦးသေ ၅ ဦးအဖမ်းခံ

မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၂ ဦးသေ ၅ ဦးအဖမ်းခံ

မကွေးတိုင်း မြိုင်မြို့နယ်တွင် ကျေးရွာများအား မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များက ၂၀၂၄ခုနှစ် ဩဂုတ်လ (၂၁)ရက်နေ့က တိုက်ခိုက်ရာ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ကိုင်းတောမရွာသစ်ကျေးရွာတွင် အခြေချပြီး အနီးနားပတ်ဝန်းကျင်ကျေးရွာများကို ခိုးဆိုးလုယက်၊ မီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီတပ်စစ်ကြောင်းကို မြိုင်မြို့နယ်တွင်း တော်လှန်ရေးအင်အားစုများနှင့် တခြားဒေသတွင်း တော်လှန်ရေးအင်အားစုများပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား (၁၂)ဦးသေပြီး လက်နက်ချအညံ့ခံသူ (၅)ဦးရှိကာ MA-1 (၆)လက်၊ MA-2 (၃)လက်၊ MA-3 (၄)လက်၊ MA-4 တစ်လက်၊ MA-11 တစ်လက်၊ G-3 (၂)လက်၊ 79 MM တစ်လက်၊ BA-100(၆၀ မမ) တစ်လက်၊ G-3 ကျည်(၁၉၂)တောင့်၊ MA ကျည်(၈၆၇)တောင့်၊ (၉)မမကျည်(၁၉၆)တောင့်၊ (၆၀)မမ အဖူး တစ်ခု၊ (၈၁)မမ အဖူး (၅)ခု၊ (၄၀)မမ အဖူး (၁၂)ခု၊ အီနာဂါ (၃)ခု၊ RPG အဖူး (၃)ခု၊ လက်ပစ်သီး (၃)လုံးနှင့် အခြားပစ္စည်းအများအပြား သိမ်းဆည်းရရှိသည်ဟု သိရသည်။  

တိုက်ခိုက်မှုကို မြိုင်ပကဖ ၊ ပခုက္ကူခရိုင်တပ်ရင်းအမှတ် (၂ ၊ ၆ ၊ ၇) တပ်ရင်းများ ၊ ပကဖတပ်ပေါင်းစု အမှတ် (၁)တပ်ရင်း၊ ပခုက္ကူ စုဖွဲ့မှု(Earthquake၊ PPDF၊ Young Force)၊ အညာမြေတပ်ပေါင်းစု ၊ ကမ္မတပ်ပေါင်းစု ၊ BLY တပ်ဖွဲ့၊ PKU-THURAIN ၊ စကြာပြည်သူ့ကာကွယ်‎ရေးတပ်ဖွဲ့ ၊ ဝံပုလွေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြိုင်)၊ အလင်းတန်းပျောက်ကြားတပ်ဖွဲ့ ၊ PLC တပ်ပေါင်းစု ၊ ဓားမင်းကြီးတပ်ဖွဲ့၊ Justice Revolution Force နှင့် အခြားသော ဒေသတွင်း လက်နက်ကြီးငယ်အဖွဲ့များ ၊ ဒရုန်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo:မြိုင်-ပကဖ