မန္တလေးတိုင်းအတွင်းရှိ ငါန်းမြာကြီးစခန်းကို တိုက်ခိုက် သိမ်းပိုက်မှုအတွင်း စစ်သုံ့ပန်း(၇)ဦးကို ဖမ်းဆီးရမိ

မန္တလေးတိုင်းအတွင်းရှိ ငါန်းမြာကြီးစခန်းကို တိုက်ခိုက် သိမ်းပိုက်မှုအတွင်း စစ်သုံ့ပန်း(၇)ဦးကို ဖမ်းဆီးရမိ

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်ရှိ ငါန်းမြာကြီးစခန်းကို ယနေ့ ၂၀၂၄ခုနှစ် ဩဂုတ်လ(၁၉)ရက်နေ့ နံနက်ပိုင်းတွင် တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ရာ စစ်သုံ့ပန်း(၇)ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း CDSOM မြောင် မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ထံမှ သိရသည်။



 

တိုက်ပွဲချိန်အတွင်း စစ်ကောင်စီတပ်က လေယာဥ်ဖြင့် ဗုံးကြဲချကာ လှည့်ပတ်ပစ်ခတ်ခြင်း၊ ဆီမီးခုံရေနက်ဆိပ် ကမ်းမှ လက်နက်ကြီး ပစ်ကူခြင်းနှင့် ဆုံရွာပျူစောထီးစခန်းမှ ပစ်ကူပေးခြင်းများ ပြုလုပ်ခဲ့သော်လည်း စခန်းအား အပြီးသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စခန်းသိမ်းတိုက်ပွဲမှ စစ်သုံ့ပန်းအဖြစ် တပ်ကြပ်ကြီး၊ ဒုတပ်ကြပ်၊ ရဲတပ်သား(၅)ဦးနှင့် အမျိုးသမီးသုံ့ပန်း (၂)ဦး တို့ကို ဖမ်းဆီးရမိခဲ့ပြီး လက်နက်(၉)လက်နှင့် စစ်သုံးပစ္စည်းများကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရရှိသော သုံ့ပန်းများအား လိုအပ်သော နေရာထိုင်ခင်း၊ အစားအသောက်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို စီစဉ်ဆောင်ရွက်ပေးကာ ယာယီထိန်းသိမ်းထားကြောင်း သိရသည်။ 

စခန်းသိမ်း တိုက်ပွဲပွဲကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့- CDSOM၊ မန္တလေးခရိုင်တပ်ရင်း၊ နောင်ရိုးအဖွဲ့၊ မြင်းခြံဟီးရိုး၊  BLACK TIGER၊ ငန်းနက်အဖွဲ့ (ငါန်းဇွန် ပကဖ)တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

Photo: Myaung PDF CDSOM