အရာတော်မြို့နယ်တွင် စစ်ကောင်စီတပ်က အရပ်သား ၂၉ ဦးကို ဖမ်းဆီးသွား

အရာတော်မြို့နယ်တွင် စစ်ကောင်စီတပ်က အရပ်သား ၂၉ ဦးကို ဖမ်းဆီးသွား

စစ်ကိုင်းတိုင်း အရာတော်မြို့ရှိ စစ်ကောင်စီ၏ အမှတ်(၁၀) စစ်အခြေခံလေ့ကျင့်ရေးတပ်(စခတ - ၁၀)မှ ၂၀၂၄ခုနှစ် ဩဂုတ်လ (၁၈)ရက်နေ့ ညပိုင်းတွင် ဒေသခံ(၂၉)ဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရ သည်။

စခတ(၁၀)တပ်ရင်းသည် ကား(၄)စီးဖြင့် မြို့အနောက်ဖက်သို့ ထွက်လာပြီး ကမ္ဘောဇရပ်ကွက်သို့ဝင်ရောက်ကာ ဒေသခံများကို ဖမ်းဆီးသွားခြင်းဖြစ်ကာ ဖမ်းဆီးခံရသူများထဲတွင် စိတ်ကျန်းမာရေးမကောင်းသူနှင့် အသက်(၆၀)ကျော်အရွယ်များလည်း ပါဝင်သည်ဟု သိရသည်။

“ဘာကြောင့်ဖမ်းတယ်ဆိုတာကိုတော့ မသိရသေးဘူး။ အခုအချိန်ထိတော့ ပြန်မလွတ်သေးဘူး။ ဘယ်သူတွေပါသွားလဲဆိုတာတော့ အတိအကျမသိရသေးဘူး။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

အဆိုပါဒေသခံ(၂၉)ဦးကို စခတ(၁၀)တပ်ရင်းအတွင်း၌ ဖမ်းဆီးထားပြီး ရပ်မိရပ်ဖများက သက်ကြီးရွယ်အိုများအား ပြန်လွတ်ပေးရန် စစ်ကောင်စီတပ်ထံ တောင်းဆိုနေခြင်းများရှိကြောင်း သိရသည်။

#TachileikNewsAgency