မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်ရှိ ကမ္ဘောဇဘဏ်ကို ဓားပြတိုက်သူအား ယနေ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၂၂)ရက်နေ့တွင် ဖမ်းမိပြီဟု သိရသည်။
ဓားပြတိုက်သွားသူမှာ ဦးသိန်းဇော်ဦး (၅၄)နှစ်ဖြစ်ပြီး ပြည်ကြီးတံခွန်မြိုနယ်၊ ဂ ရပ်ကွက်၊ ၆၈(B)-၆၈(C) လမ်းကြား၊ (၁၂၀)လမ်း၊ အ-၁၇/၉ တွင် တိုက်ရာပါငွေ(၁၀၉၈)သိန်းနှင့်အတူ ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီဘက်က ဆိုသည်။
ယမန်နေ့ နေ့လယ်(၁)နာရီဝန်းကျင်က မဟာအောင်မြေမြိုနယ်(၇၃)လမ်းနှင့် (၄၁)လမ်းရှိ ဗောဓိကုန်း ကမ္ဘောဇ ဘဏ်အမှတ်(၃၇)ကို လူတစ်ဦးက လက်နက်ကိုင်ဆောင်၍ ဓားပြတိုက်ကာ ငွေကျပ်သိန်း(၁၀၀၀)ကျော် ယူဆောင်သွားခြင်းဖြစ်သည်။
ဓားပြတိုက်သူက လက်နက်နှင့်ခြိမ်းခြောက်သဖြင့် ဘဏ်ဝန်ထမ်းကိုယ်တိုင် ဓါးပြတိုက်သူ စီးနင်းလာသည့် ဆိုင်ကယ်ပေါ် ငွေထုပ်ကို တင်ပေးလိုက်ရသည်ဟု သိရသည်။
ယခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် ဓားပြတိုက်ခံရခြင်းဖြစ်ကာ မန္တလေးတွင် မကြာခဏ ဓါးပြတိုက်ခံနေရပြီး ပြီးခဲ့သည့်နှစ်ကလည်း ရွှေဆိုင်နှင့် ငွေလဲဆိုင်များ ဓါးပြတိုက်ခံခဲ့ရသည်။
#TachileikNewsAgency