ဟားခါးနှင့် ထန်တလန်ကြားရှိ စစ်ကောင်စီတပ်စခန်းကို ချင်းတော်လှန်ရေးတပ်များ သိမ်းပိုက်

ဟားခါးနှင့် ထန်တလန်ကြားရှိ စစ်ကောင်စီတပ်စခန်းကို ချင်းတော်လှန်ရေးတပ်များ သိမ်းပိုက်

ချင်းပြည်နယ် ဟားခါးနှင့် ထန်တလန်ကြားရှိ စစ်ကောင်စီတပ်စခန်းကို ချင်းအမျိုးသားတော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း သိရသည်။

၂၀၂၄ခုနှစ် သြဂုတ်လ ၁၂ရက်နေ့တွင် Operation Rung အမည်ဖြင့် Chinland Defense Force - Hakha နှင့် Chin National Army တို့ ပူးပေါင်း၍ ဟားခါး-ထန်တလန်လမ်းရှိ Keivangzuan စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား(၁၀)ဦး သေဆုံးပြီး အများအပြားဒဏ်ရာရကာ (၆၀)မမ၊ MA1 (၂)လက်၊ MA2 (၄)လက်၊ MA3 တစ်လက်၊ MA4 (၂)လက်၊ Machine gun တစ်လက်၊ ကျည်‌ဘောက် (၂၅)ခု၊ မိုင်းနှင့် ခဲယမ်းများသိမ်းဆည်းရရှိကြောင်း သိရသည်။ 

CDF-Hakha အနေဖြင့် အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးအတွက် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းပြီး ဆက်လက်တိုက်ပွဲဖော်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: Chinland Defense Force-Hakha