မြောက်ဦးမြို့ကို စစ်ကောင်စီတပ်က ဂျက်လေယာဉ်ဖြင့်ဗုံးကြဲရာ အရပ်သား ၆ ဦးသေဆုံး ၁၀ ဦး ဒဏ်ရာရ

မြောက်ဦးမြို့ကို စစ်ကောင်စီတပ်က ဂျက်လေယာဉ်ဖြင့်ဗုံးကြဲရာ အရပ်သား ၆ ဦးသေဆုံး ၁၀ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ် မြောက်ဦးမြို့ပေါ် လူနေရပ်ကွက်အတွင်းသို့ စစ်ကောင်စီတပ်က ၂၀၂၄ ခုနှစ် ဩဂုတ်လ (၁၀)ရက်နေ့တွင် ဂျက်လေယာဉ်တစ်စီးဖြင့် လာရောက်ဗုံးကြဲရာ အရပ်သား (၆)ဦးသေဆုံးကာ (၁၀)ဦး ဒဏ်ရာရကြောင်း AA က ထုတ်ပြန်သည်။

စစ်ကောင်စီ၏ လေကြောင်းမှ အကြမ်းဖက်တိုက်ခိုက်ခဲ့မှုကြောင့် မြောက်ဦးဟိုတယ် အနီးအနားပတ်ဝန်းကျင်နှင့် လမ်းမပေါ်သို့ ကျရောက်ပေါက်ကွဲကာ အနှေးယာဉ် (တုတ်တုတ်) တစ်စီးပေါ်တွင် လိုက်ပါလာသော ခရီးသွားများနှင့် ၎င်းအနီးပတ်ဝန်းကျင်ရှိ အရပ်သား(၆)ဦး သေဆုံးခဲ့ပြီး (၁၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၆)ရက်နေ့ကလည်း အရပ်သားများကို ဆေးကုသပေးနေသော မြောက်ဦးမြို့ရှိ ဆေးရုံတစ်ခုအား ဗုံးကြဲတိုက် ခိုက်ခဲ့သေးသည်။

မြောက်ဦးမြို့သည် လက်ရှိအချိန်တွင် စစ်ကောင်စီကင်းစင်သော မြို့တစ်မြို့ဖြစ်ပြီး တိုက်ပွဲမဖြစ်ပွားခဲ့သည်မှာ ရက်‌ပေါင်း (၁၈၅)ရက်ရှိခဲ့ပြီ ဖြစ်သည်။ 

နိုင်ငံတစ်ဝန်းမှ တော်လှန်ရေးအဖွဲ့အစည်းများထိန်း ချုပ်ထားသော တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာဒေသများရှိ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဘာသာရေးအဆောက်အအုံ၊ ဈေးများနှင့် လူနေထူ ထပ်သည့်နေရာများကို စစ်ရှုံးစစ်ကောင်စီသည် လေကြောင်းမှ ရော့ကတ်၊ ဖျက်အားပြင်းဗုံးများဖြင့် ကြဲချတိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုများကို ရှုံးမဲမဲကာ ဆက်တိုက် ကျူးလွန်နေသည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: AA Info Desk