ပခုက္ကူမြို့နယ် ပန်းတိုင်ခြုံရွာအနီးရှိ စစ်ကောင်စီဂိတ်စခန်းအား ဒရုန်းဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်

ပခုက္ကူမြို့နယ် ပန်းတိုင်ခြုံရွာအနီးရှိ စစ်ကောင်စီဂိတ်စခန်းအား ဒရုန်းဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်

မကွေးတိုင်း ပခုက္ကူမြို့နယ် ပန်းတိုင်ခြုံရွာအနီးရှိ စစ်ကောင်စီဂိတ်စခန်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့်ဗုံးသီးပစ်ချတိုက်ခိုက်ကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၂) Shwe Nyar Myae PDF အဖွဲ့ထံမှ သိရသည်။

ပန်းတိုင်ခြုံရွာအနီးရှိ စစ်ကောင်စီဂိတ်စခန်းအား ၂၀၂၄ခုနှစ် ဇူလိုင်လ (၂၇)ရက်နေ့ မနက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ RC Plane များဖြင့် ဗုံးသီးများပစ်ချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုသည် စစ်ကောင်စီဂိတ်စခန်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိကြောင်း Shwe Nyar Myae PDF အဖွဲ့က ဆိုသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် ကောင်တာပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအား ပခုက္ကူမြို့နယ်ပကဖဒရုန်းတပ်ဖွဲ့နှင့် ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၂) - Shwe Nyar Myae PDF အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency