ဟားခါးမြို့မရဲစခန်းကို CDF ဟားခါးဝင်တိုက်ပြီး အကျဉ်းသားများကို ကယ်ထုတ်

ဟားခါးမြို့မရဲစခန်းကို CDF ဟားခါးဝင်တိုက်ပြီး အကျဉ်းသားများကို ကယ်ထုတ်

ချင်းပြည်နယ် ဟားခါးမြို့မရဲစခန်းကို CDF ဟားခါးက တိုက်ခိုက်သိမ်းပိုက်ရာ ရဲ(၄)ဦးသေပြီး အကျဉ်းသား(၆၂)ဦးကို ကယ်ထုတ်နိုင်ခဲ့သည်ဟု သိရသည်။

ယနေ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ(၂၀)ရက်နေ့ နံနက်ပိုင်းက Operation Rung အမည်ဖြင့် ဟားခါးမြို့မရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်ဟု Chinland Defense Force-Hakha ထံမှ သိရသည်။

တိုက်ခိုက်မှုတွင် ရဲ(၄)ဦးသေပြီး အများအပြားဒဏ်ရာရကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ပြီး အကျဥ်းသား(၄၉)ဦးနှင့် အကျဉ်းသူ(၁၃)ဦးတို့ကို ကယ်တင်နိုင်ခဲ့သည်ဟု သိရသည်။

ထို့အပြင် ရဲစခန်းအတွင်းမှ လက်နက်(၂၃)လက်နှင့် ကျည်အများအပြား သိမ်းဆည်းရရှိသည်ဟုလည်း သိရသည်။

#TachileikNewsAgency

Photo: CDF Tonzang Supporters Group