ထားဝယ်တွင် စစ်ကောင်စီပစ်ခတ်မှုကြောင့် မိသားစုဝင် ၄ ဦးသေဆုံး

ထားဝယ်တွင် စစ်ကောင်စီပစ်ခတ်မှုကြောင့် မိသားစုဝင် ၄ ဦးသေဆုံး

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ရာဖူးရွာသစ်ကို စစ်ကောင်စီတပ် မောရဝတီရေတပ်ဌာနချုပ်မှ ယနေ့ ၂၀၂၄ ခုနှစ် ‌ဇွန်လ (၉)ရက်နေ့တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ နေအိမ်တစ်လုံး ပျက်စီးပြီး မိသားစုဝင် (၄)ဦးသေဆုံးကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် နေအိမ်မှာမီးလောင်ပျက်စီးပြီး လသားအရွယ် ကလေးငယ်တစ်ဦးအပါအဝင် မိသားစုဝင် (၄)ဦးလုံး သေဆုံးသည်ဟု ရေးပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

နေ့လယ်ပိုင်းတွင်း သာယာမွန်ကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ နှစ်ဖက်တိုက်ပွဲဖြစ်ပွားသည်ဟု ဆိုသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ အရာရှိတစ်ဦးနှင့် တပ်သား (၆)ဦးသေပြီး (၆)ဦးဒဏ်ရာရသည်ဟု သတင်းထုတ်ပြန်ချက်အရ သိရသည်။

#TachileikNewsAgency