စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားသည့် မြင်းခြံ အမှတ် (၁) သံမဏိစက်ရုံအား တော်လှန်ရေးအင်အားစုမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားသည့် မြင်းခြံ အမှတ် (၁) သံမဏိစက်ရုံအား တော်လှန်ရေးအင်အားစုမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

မန္တလေးတိုင်း မြင်းခြံခရိုင်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားသည့် မြင်းခြံ အမှတ် (၁) သံမဏိစက်ရုံအား တော်လှန်ရေးအင်အားစုမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း မြင်းခြံခရိုင် တပ်ရင်း အမှတ် (၃) မှ ၂၀၂၄ခုနှစ် သြဂုတ်လ (၁၈) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီအင်အား (၂၀၀)ခန့်ဖြင့် လုံခြုံရေးယူထားသည့် မြင်းခြံ အမှတ် (၁) သံမဏိစက်ရုံအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ သြဂုတ်လ (၁၆) ရက်နေ့ ည (၇) နာရီဝန်းကျင်တွင် ၆၀ မမ လက်နက်ကြီး (၅၅)လုံးခန့်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မြင်းခြံမြို့နယ် အုပ်ချုပ်ရေးယန္တရားက သြဂုတ်လ (၁၀)ရက်ပိုင်းကတည်းက သံမဏိစက်ရုံမှာ ရွှေ့ပြောင်းနေကြတာ ၊ စက်ရုံကတော့ မလည်ပတ်တော့ဘူးဗျ” ဟု မြင်းခြံခရိုင်တပ်ရင်း အမှတ် (၃) မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကို ပြောသည်။

တိုက်ခိုက်မှုအား မြင်းခြံခရိုင်အမှတ် (၃) တပ်ရင်းမှ ဦးဆောင်ပြီး မဟာမိတ်များနှင့်အတူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ သံမဏိစက်ရုံတွင် ထိခိုက်ပျက်စီးမှု များပြားခဲ့ကြောင်း သိရသည်။

အဆိုပါ သံမဏိစက်ရုံသည် ယခင်အစိုးရလက်ထက်တွင် အရှုံးပေါ်၍ ရပ်နားထားရသော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက် စစ်သုံးလက်နက်ပစ္စည်း ထုတ်လုပ်မှုအတွက် အသုံးပြုနေကြောင်း သိရသည်။

#TachileikNewsAgency