စစ်ကိုင်းတိုင်း ရေဦးမြို့ တိုင်းရင်းဆေးရုံတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ရွှေဘိုခရိုင် အမှတ် (၁၄) တပ်ရင်း ဒရုန်းတပ်စုမှ Fixed Wing Drone များဖြင့် ဗုံးသီးချ၍ တိုက်ခိုက်ကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် တိုင်းရင်းဆေးရုံစခန်းအား ၂၀၂၄ခုနှစ် ဇွန်လ (၃) ရက်နေ့ မနက်ရှစ်နာရီခွဲတွင် ရွှေဘိုခရိုင် အမှတ်(၁၄) တပ်ရင်း ဒရုန်းတပ်စုမှ Fixed Wing Drone များဖြင့် ဗုံးသီး (၆)လုံးကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီဘက်မှ (၆၀)မမ လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်မှုများရှိနိုင်ပြီး အသေးစိတ်ကို ဆက်လက်စုံစမ်းလျှက်ရှိကြောင်း ရေဦး PDF မှ ဆိုသည်။
အဆိုပါတော်လှန်ရေးတပ်ဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှ ရေဦးမြို့နယ်အခြေစိုက်အဖွဲ့တစ်ခုဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် တော်လှန်ရေးအဖွဲ့များထဲမှ တစ်ခုဖြစ်သည်။
#TachileikNewsAgency
Photo: ရွှေဘိုခရိုင်တပ်ရင်း-၁၄ / YEU PDF