ရွှေဘိုမြို့နယ် ညောင်ကိုင်းပျူရွာမှ နေ့ကင်းယူရန်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်

ရွှေဘိုမြို့နယ် ညောင်ကိုင်းပျူရွာမှ နေ့ကင်းယူရန်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ညောင်ကိုင်းပျူစောထီးရွာမှ နေ့ကင်းယူရန်ထွက်လာသည့် စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့များအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ရွှေဘို) ထံမှ သိရသည်။

ရွှေဘိုမြို့နယ် ညောင်ကိုင်းပျူရွာမှ ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၇) ရက်နေ့ မနက် (၆) နာရီဝန်းကျင်တွင် နေ့ကင်းယူရန်ထွက်လာသည့် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့များအား ၎င်းတို့နေရာယူမည့် ဘန်ကာထဲတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ အသင့်နေရာယူကာ စောင့်ကြို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နှစ်ဖက်တပ်ဖွဲ့အကြား (၁၅) မိနစ်ခန့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့မှ နေရာတွင် (၄)ဦး သေဆုံးခဲ့ကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဆိုသည်။

သိမ်းဆည်းရမိသော လက်နက်များမှာ MA-1 တစ်လက် ၊ Magazine (၄) ခု၊ 5.56 ကျည် (၅၀) တောင့် ၊ G-3 တစ်လက် ၊ 7.62 ကျည် (၁၄၀)တောင့် ၊ လက်ပစ်ဗုံး (၁) လုံး၊  ဖုန်း (၁) လုံး နှင့် စကားပြောစက် (၁)လုံးတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအား ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရွှေဘို၊ Special Troop Of Anyar Revolution(S.T.A.R) အညာဒေသ အထူးတော်လှန်ရေးတပ်ဖွဲ့ ၊ ဗိုလ်ဂျပန်ကြီး ရွှေဘို၊ Bo Ba Taw –SHWEBO နှင့် Golden Eagles - ZBG အဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

#TachileikNewsAgency