ဒီပဲယင်းမြို့နယ် စီးပွားရေးဘဏ်အနီး ကင်းထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်တိုက်ခိုက်ခံရ

ဒီပဲယင်းမြို့နယ် စီးပွားရေးဘဏ်အနီး ကင်းထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ရေဦးခရိုင် ဒီပဲယင်းမြို့နယ် စီးပွားရေးဘဏ်အနီး ကင်းထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများအား PDF ပူးပေါင်းတပ်ဖွဲ့များမှ ပစ်ခိုက်တိုက်ခိုက်ကြောင်း အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် (ADPRA) ထံမှ သိရသည်။

ဒီပဲယင်းမြို့နယ် စီးပွားရေးဘဏ်အနီး ကင်းထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများအား ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၆) ရက်နေ့ နံနက် (၈) နာရီခန့်တွင် PDF ပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် ထွေအုပ်ဝန်ထမ်းတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦး သေဆုံးခဲ့ပြီး (၁)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ ကာဘိုင် သေနတ် (၂)လက် သိမ်းဆည်းရမိခဲ့ကြောင်း ADPRA မှ ဆိုသည်။

ထိတွေ့တိုက်ပွဲသည် မိနစ် (၃၀)ခန့် ကြာမြင့်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း (၃၀) အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် (ADPRA)၊ ဒီပဲယင်း ပ.က.ဖ တိုက်နယ် ၁ /၂ / ၃ ၊ ရေဦးမြို့နယ် ပ.က.ဖ (Galaxy Force)၊ ရေဦးမြို့နယ် ပ.က.ဖ (ဖီးနစ် တပ်ခွဲ) နှင့် ရန်ကြီးအောင် LDF တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency