ရေစကြိုတွင် မိုင်းဆွဲခံရသည့် စစ်ကောင်စီတပ် ရွာကိုမီးရှို့ 

ရေစကြိုတွင် မိုင်းဆွဲခံရသည့် စစ်ကောင်စီတပ် ရွာကိုမီးရှို့ 

မကွေးတိုင်း ရေစကြိုမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များက တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်က ရွာကိုမီးရှို့သွားကြောင်း ရေးကို PDF ထံမှ သိရသည်။ 

ရေစကြိုမြို့နယ် ခလရ (၂၅၆)မှထွက်လာသော အင်အား(၆၀)ခန့်ပါဝင်သည့် စစ်ကြောင်းအား ၂၀၂၄ခုနှစ် အောက်တိုဘာလ (၁၄)ရက်နေ့ နံနက်(၈)နာရီအချိန်ခန့်တွင် ပညင်းကျေးရွာနှင့် ကံသစ်ကျေးရွာကြားအရောက်၌ ပြည်သူ့ကာကွယ်ရေးတပ်က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ထိုနောက် နေ့လယ်(၂)နာရီခွဲတွင်လည်း ကံသစ်ကျေးရွာနှင့် ကြည့်ကန်ကျေးရွာကြားအရောက်တွင် ထပ်မံ၍ နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိသဖြင့် စစ်ကောင်စီတပ်က ကံသစ်ကျေးရွာမှ နေအိမ်(၁၀)လုံးအား မီးရှို့ဖျက် ဆီးသွားပြီး တောင်အိုတာတိုင်စစ်ဆေးရေးဂိတ်သို့ ဝင်ရောက်သွားကြောင်း သိရသည်။

#TachileikNewsAgency

Photo: ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ရေစကြိုမြို့နယ်