မြန်မာရေပိုင်နက်အတွင်းသို့ ဝင်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၀ ဦးကို AA ဖမ်းဆီးကာ ပြန်လည်ပို့ဆောင်

မြန်မာရေပိုင်နက်အတွင်းသို့ ဝင်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၀ ဦးကို AA ဖမ်းဆီးကာ ပြန်လည်ပို့ဆောင်

မြန်မာရေပိုင်နက်အတွင်းသို့ ဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား(၂၀)ဦးကို အာရက္ခတပ်တော်(AA)က ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၇)ရက်နေ့က ဘင်္ဂလားဒေ့ရှ် နိုင်ငံ နယ်ခြားစောင့်တပ်ထံ ပြန်လည်လွှဲပြောင်းလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်မီဒီယာများ ကဖော်ပြသည်။ 

ပြန်လည်လွှဲပြောင်းလိုက်သူများမှာ ဘင်္ဂလားဒေ့ချ်နိုင်ငံသား ရှားအလမ် (၂၈)နှစ်၊ အာစမတ်ဦးလာဟ် (၁၈)နှစ်၊ အဘဒူစ်ရှုခူရ် (၃၂)နှစ်၊ အာဘူလ်ဟိုစန် (၄၅)နှစ်၊ အာယုပ်ခန်း (၄၈)နှစ်၊ နူရ်ဟိုစန် (၄၅)နှစ်၊ မိုဟမ်မဒ်ဗေးလာလ် (၂၉)နှစ်၊ ဆလင် (၃၅)နှစ်၊ အဘဒူလ်ခါဒဲ (၂၅)နှစ်၊ မိုဟမ်မဒ်ဟာရှင် (၃၅)နှစ်၊ မိုဟမ်မဒ်ဟိုစန် (၂၈)နှစ်၊ မိုဟီဥဒင် (၂၆)နှစ်၊ အင်ယေးတူလာဟ် (၃၀)နှစ်၊ နူရ်ဟာဖေ့ဇ် (၄၀)နှစ်၊ မိုဟမ်မဒ်ယာစင် (၃၅)နှစ်၊ အဘဒူရဟိမ် (၄၄)နှစ်၊ ဟာဆန်အလီ (၅၃)နှစ်၊ အိုစမန်ဂန်နီ (၃၀)နှစ်၊ အင်နာမင် (၂၇)နှစ်နှင့် အဘဒူရှုခူရ် (၄၆)နှစ်တို့ဖြစ်ကြောင်း သိရသည်။ 

၎င်းတို့သည့် နိုဝင်ဘာလ(၅)ရက်နေ့က ငါးဖမ်းစက်လှေ(၁၅)စီးဖြင့် မြန်မာရေပိုင်နက် နတ်မြစ်အတွင်းသို့ ဝင်ရောက်လာသဖြင့် အာရက္ခတပ်တော်(AA) ကမ်းခြေစောင့်တပ်က ဖမ်းဆီးကာ ထိန်းသိမ်းထားခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၇)ရက်နေ့ကလည်း မြန်မာရေပိုင်နက်အတွင်းသို့ ဝင်ရောက်ငါးဖမ်းသည့် ဘင်္ဂလားဒေ့ချ်နိုင်ငံသား (၅)ဦးကို အာရက္ခတပ်တော် ကမ်းခြေစောင့်တပ်ဖွဲက ဖမ်းဆီးထိန်းသိမ်းကာ နောင်တွင်ယင်းသို့မပြုလုပ်ရန် ကတိလက်မှတ်ထိုးခိုင်းပြီး ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ထံ လွဲပြောင်းပေးလိုက်သည်ဟု သိရသည်။

#TachileikNewsAgency

Photo: AA Info Desk