မြိုင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ မြိုင်ပကဖ ခဲယမ်းတချို့သိမ်းဆည်းရရှိ

မြိုင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ မြိုင်ပကဖ ခဲယမ်းတချို့သိမ်းဆည်းရရှိ

မကွေးတိုင်း မြိုင်မြို့နယ် တွင်းမရွာ ပျူစောထီးစခန်းမှထွက်လာသည့် စစ်ကောင်စီတပ်ကို ယနေ့ ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၇)ရက်နေ့တွင် မြိုင်မြို့နယ် ပကဖက တိုက်ခိုက်ရာ လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းရရှိကြောင်း သိရသည်။

တွင်းမရွာ ပျူစောထီးစခန်းမှထွက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် မြိုင်ပကဖတို့ တွင်းမရွာ မြောက်ဖက်တနေရာ၌ ထိတွေ့မှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားများ တွင်းမရွာသို့ ပြန်ဝင်သွားသည်ဟု ဆိုသည်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ RPG 7 ဖူး(၅)ခု၊ ပို့ယမ်း (၁၀)တောင့်၊ (၆၀)မမ (၂)လုံး၊ ကာဘိုင်ကျည် အတောင့်(၁၅၀၀)၊  တော်ပီဒိုယမ်းအချောင်း (၆)ချောင်း၊ ဆန် (၈)လုံး၊ ဖုန်း (၂)လုံးနှင့် ဆေးပစ္စည်းအစုံတို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု မြိုင်ပကဖက ဆိုသည်။

တိုက်ခိုက်မှုကို ပကဖ အမှတ် (၁)တပ်ရင်း ၊ ပခုက္ကူခရိုင် အမှတ်(၂) တပ်ရင်း၊ မြိုင်ပကဖ တပ်ခွဲ (၁)၊ တပ်ခွဲ-၂ (ဂဠုန်) ၊ Myaing Warriors တပ်ဖွဲ့ ၊ PDF-Kamma(ကမ္မတပ်ပေါင်းစု) နှင့် KMDF (ကမ္မတပ်ပေါင်းစု)တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: မြိုင်-ပကဖ