တောင်သာတိုက်ပွဲတွင် အရာရှိကတော်တစ်ဦးအပါ စစ်ကောင်စီတပ်သား ၁၁ ဦးကို ဖမ်းဆီးရမိ

တောင်သာတိုက်ပွဲတွင် အရာရှိကတော်တစ်ဦးအပါ စစ်ကောင်စီတပ်သား ၁၁ ဦးကို ဖမ်းဆီးရမိ

မန္တလေးတိုင်း တောင်သာမြို့တွင် စစ်ကောင်စီတပ်ကိုတော်လှန်ရေးတပ်များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ အရာရှိကတော်အပါအဝင် (၁၃)ဦးကို ဖမ်းဆီးရမိကြောင်း မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်းထံမှ သိရသည်။

၂၀၂၄ ခုနှစ် ဇူလိုင်လ (၉)ရက်နေ့က တောင်သာမြို့နယ် ဇဂျမ်း-နတ်စောင့်ရွာ အင်အား(၃၀)ဦးခန့်ဖြင့် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းအား တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အဆိုပါစခန်းကို တိုက်ခိုက်နေစဉ် တောင်သာမြို့အထွက် မြေဖြူကုန်း-မိုးနှောင်းကင်း ကားလမ်းပိုင်းတွင်လည်း စစ်ကောင်စီတပ်၏ ယာဉ်အားတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

တိုက်ခိုက်မှုအတွင်း တပ်မ(၉၉)လက်အောက်ခံ မြင်းခြံ ခမရ (၁၅)မှ ဒုအရာခံဗိုလ်များ၊ တပ်ကြပ်ကြီးများ၊ ဒုတပ်ကြပ်များအပါ စစ်သုံ့ပန်း(၁၁)ဦး၊ စစ်သူနာပြု (၁)ဦး၊ အရာရှိကတော် (၁)ဦး စုစု ပေါင်း (၁၃)ဦးတို့အား လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းဆီးရမိသည်ဟု သိရသည်။

အဆိုပါတိုက်ခိုက်မှုများကို မြင်းခဲ့ခရိုင် အမှတ် (၁/၂/၄/၈/၉) တပ်ရင်းများ၊ မြင်းခြံမြို့နယ် ပကဖ၊ နွားထိုးကြီးမြို့နယ် ပကဖ၊ မလှိုင်မြို့နယ် ပကဖ၊ စွန်ရဲပြောက်ကျားနှင့် ဗိုလ်စားပြောက်ကျားတပ်ဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency