နွားထိုးကြီးမြို့နယ် ပြင်စည်ကျေးရွာမှ မြို့ပေါ်သို့ ထွက်ခွာလာသည့် စစ်ကောင်စီစစ်ကြောင်း မိုင်းနင်းမိပြီး ၃ဦး သေဆုံး 

နွားထိုးကြီးမြို့နယ် ပြင်စည်ကျေးရွာမှ မြို့ပေါ်သို့ ထွက်ခွာလာသည့် စစ်ကောင်စီစစ်ကြောင်း မိုင်းနင်းမိပြီး ၃ဦး သေဆုံး 

မန္တလေးတိုင်း မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ် ပြင်စည်ကျေးရွာမှ နွားထိုးကြီးမြို့ပေါ်သို့ ထွက်ခွာလာသည့် စစ်ကောင်စီစစ်ကြောင်း မိုင်းနင်းမိပြီး (၃)ဦးသေဆုံးကြောင်း မြင်းခြံခရိုင် အမှတ် (၄ - ၁၀) တပ်ရင်း Natogyi People Defence Force မှ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ( ၅ ) ရက်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ် ပြင်စည်ကျေးရွာမှ စစ်ကြောင်းထိုးလာသည့် အင်အား (၆၀) ခန့်ပါရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၃၀) ရက်နေ့ နံနက် (၂) နာရီဝန်းကျင်တွင် နွားထိုးမြို့ပေါ်သို့ ထွက်ခွာလာစဉ် ခက်လန်းရွာအနီး၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဆင်ထားသည့် တိုက်မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၃) ဦး သေဆုံးပြီး စစ်ကြောင်းဖရိုဖရဲဖြစ်၍ အနီးအနားရှိ ပတ်ဝန်းကျင်ကျေးရွာများအား လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း လုပ်ဆောင်ခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် (၄ - ၁၀) တပ်ရင်း Natogyi People Defence Force က ဆိုသည်။

မိုင်းထိပြီးနောက် အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် မြို့ပေါ်သို့ မသွားနိုင်ဘဲ ပြင်စည်ကျေးရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Natogyi People Defence Force