မယ်ဆိုင်ဘက် ချစ်ကြည်ရေးအမှတ်(၁)တံတား ထိပ်တဝိုက် တားမြစ်နေရာများတွင် ယာဉ်ရပ်နားခြင်းနှင့် ဈေးရောင်းချမှုများကို အရေးယူမည်ဟု မယ်ဆိုင်ရဲတပ်ဖွဲ့ သတိပေးထား

မယ်ဆိုင်ဘက် ချစ်ကြည်ရေးအမှတ်(၁)တံတား ထိပ်တဝိုက် တားမြစ်နေရာများတွင် ယာဉ်ရပ်နားခြင်းနှင့် ဈေးရောင်းချမှုများကို အရေးယူမည်ဟု မယ်ဆိုင်ရဲတပ်ဖွဲ့ သတိပေးထား

ထိုင်း - မြန်မာ နယ်စပ်ဒေသ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက် ချစ်ကြည်ရေးအမှတ်(၁)တံတားထိပ်တွင် ယာဉ်ကြောရှုပ်ထွေးမှု မဖြစ်စေရေးအတွက် တားမြစ်နေရာများ စည်းကမ်းမဲ့ ယာဉ်ရပ်နားမှုများနှင့် လမ်းပိတ်ဆို့ ဈေးရောင်းချမှုများကို မယ်ဆိုင်ရဲတပ်ဖွဲ့က သတိပေးခြင်းနှင့်အတူ ဒဏ်ကြေးသတ်မှတ်ခြင်းများဖြင့် အရေးယူမှုများ လုပ်ဆောင်နေလျှက်ရှိကြောင်း သိရသည်။

မယ်ဆိုင်ဘက်တွင် အထူးသဖြင့် မယ်ဆိုင်မြို့မရဲစခန်းရှေ့အပါအဝင် လွိုင်ဘောင်းဘုရားအသွား(လွိုင်ဘောင်းဈေး) လမ်းဆုံကနေ ချစ်ကြည်ရေးအမှတ်(၁)တံတားထိပ်ထိကို ဦးစားပေးကာ ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး စည်းကမ်းမဲ့ ယာဉ်ရပ်နားခြင်းများအပြင် ဈေးရောင်းချခွင့်မရှိသည့်နေရာများတွင် ဈေးရောင်းချနေသည်များ တွေ့ရှိပါက အရေးယူမည်ဟု သတိပေးထားရှိသည်။

မယ်ဆိုင်ဘက် ချစ်ကြည်ရေးအမှတ်(၁)တံတားထိပ်တွင် မြန်မာဘက်မှ လာသည့် ကားနှင့်သုံးဘီးဆိုင်ကယ်များမှာ တားမြစ်ထားသည့် နေရာများတွင် စည်းကမ်းမဲ့ ရပ်နားမှုများ မရှိခဏ ရှိနေသည့်အတွက် ထိုင်းဘက်က ဒဏ်ငွေဆောင်သည့် အရေးယူမှုမျိုးဖြင့် အရေးယူနေခြင်း ဖြစ်ကြောင်း သိရသည်။

 

Photo:, Maesai Police, Maesai Press