ရွာငံတွင် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များတိုက်ခိုက်ရာ လက်နက်ခဲယမ်းများရ

ရွာငံတွင် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များတိုက်ခိုက်ရာ လက်နက်ခဲယမ်းများရ
ဇူလိုင် 6, 2024 | 2021 Military Coup| ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်၊ ရေချမ်းရွာနှင့် ၀က်ကဘူးရွာ ကြားလမ်းပိုင်းတစ်နေရာတွင် စစ်ကောင်စီတပ်အား တော်လှန်ရေးတပ်များကတိုက်ခိုက်ရာ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ဂျိုးဖြူ တော်လှန်ရေးတပ်ဖွဲ့ ထံမှ သိရသည်။

၂၀၂၄ ခုနှစ် ဇူလိုင်လ (၅)ရက်နေ့ နံနက်ပိုင်းက စစ်ကြောင်းထိုးရန် ထွက်လာသော စစ်ကောင်စီတပ်သားများအား ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့နှင့် အမှတ်(၅၁၅) PDF ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုသည် (၁)နာရီကျော်ကြာပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူများကာ စစ်ကောင်စီတပ်၏ လက်နက်များ၊ စစ်အသုံးအဆောင်များနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့မှလည်း ရဲဘော်(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency