ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာ (၂) ရွာကို စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာ (၂) ရွာကို စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာ (၂)ရွာကို စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PLNAမှ ၂၀၂၄ခုနှစ် မေလ (၃၀) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်သည် ဆီဆိုင်မြို့နယ် လွယ်မောတောင်ဒေသ ပင်မူးကျေးရွာတွင် လက်နက်ကြီးအထိုင်ချပြီး မေလ (၂၉) ရက်နေ့ ညနေ (၄) နာရီမှ (၈) နာရီအထိ ပန်ရန်းရွာနှင့် ထမ်းယံတိုင်ရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း PLNA မှ ဆိုသည်။

လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ကျေးရွာနှစ်ရွာရှိ ဒေသခံ ၁၀၀၀ ဝန်းကျင် ရွာလုံးကျွတ် နီးစပ်ရာတောတောင်ထဲထွင် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ကျွေးရွာအတွင်းရှိ နေအိမ်များ ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။

မေလ (၂၉) ရက်နေ့တွင် ဖက်နမ်ကျေးရွာအနီး ခရီးသွားလာသည့် အရပ်သားတဦးကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး အသတ်ခံရသူ၏ အသေးစိတ်အချက်အလက်ကို စုံစမ်းနေကြောင်း PNLA မှ ဆိုသည်။

နိုင်ငံအနှံ့တွင် စစ်မျက်နှာများစွာ ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် စစ်ဘက်၊အရပ်ဘက် ပစ်မှတ်မခွဲခြားဘဲ စစ်ရေးတင်းမာနေသည့် ဒေသများရှိ ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများကို နေ့စဉ်ရက်ဆက်ဆိုသလို လုပ်ဆောင်လျှက်ရှိသည်။

#TachileikNewsAgency