ပေါက်မြို့နယ်၊ တပ်ကုန်းရွာတွင် စခန်းချထားသည့် ပျူစောထီးစခန်းကို တော်လှန်ရေးတပ်များဝင်တိုက်

ပေါက်မြို့နယ်၊ တပ်ကုန်းရွာတွင် စခန်းချထားသည့် ပျူစောထီးစခန်းကို တော်လှန်ရေးတပ်များဝင်တိုက်

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ တပ်ကုန်းရွာတွင် စခန်းချထားသည့် ပျူစောထီးစခန်းအား ၂၀၂၄ ခုနှစ် ဧပြီလ (၂၉) ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ၎င်းတို့နေထိုင်ရာဘန်ကာ(၃)ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး ကျန်ဘန်ကာ(၁)ခုကို သိမ်းပိုက်ရန် လုပ်ဆောင်နေစဉ်တွင် စစ်ကောင်စီဘက်မှ လက်နက်ကြီး ပစ်ကူများ‌ကြောင့် ကာကွယ်ရေးအဖွဲ့များမှ ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု ဆိုသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးခေါင်းဆောင်တဦး ဝမ်းဗိုက်ကျည်ထိမှန်ခဲ့ပြီး တခြားထိခိုက်ဒဏ်ရာရရှိသည့် ပျူစောထီးများလည်းရှိကြောင်း သိရသည်။

စစ်ကောင်စီဘက်မှ ပြန်လည်ပစ်ခတ်ခဲ့သော လက်နက်ကြီးကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော်(၄)ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တပ်ကုန်းရွာ ပျူစောထီးစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်မှ အင်အားထပ်ပြီးတိုးချဲ့ချထားကာ ဘေးပတ်ဝန်းကျင်ရွာများကို လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်နေသည်ဟု သိရသည်။

အဆိုပါတိုက်ခိုက်မှုများကို မြိုင်မြို့နယ်အခြေစိုက်စုဖွဲ့မှု တပ်ရင်းတပ်ဖွဲ့၊ ပခုက္ကူမြို့နယ်အခြေစိုက်စုဖွဲ့မှု တပ်ရင်းတပ်ဖွဲ့၊ မြိုင်ပကဖတပ်ရင်း (၁)၊ မြိုင်ပကဖတပ်ရင်း (၂)၊ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  ၂ (Young Force UG)၊ Pakokku People's Defence Force၊ Earthquake People's Defence Force၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ (Thu Rain TR)၊ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ (Pakokku Ranger)၊ Pakokku Hunter၊ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ (Shwe Nyar Myae)၊  ချောက်ပကဖ၊ ပခုက္ကူခရိုင် တပ်ရင်း ၁၁၊ ပခုက္ကူခရိုင် တပ်ရင်း ၁၉၊ ပခုက္ကူခရိုင် တပ်ရင်း ၄၊ ပခုက္ကူခရိုင် တပ်ရင်း ၅၊ ကိုဥသြ၊ ကိုကောင်းကောင်းအဖွဲ့၊ YRS နား‌ပေါက်နှင့် ပေါက်ကျေးရွာပကဖအဖွဲ့များတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency