စစ်ကောင်စီက လက်နက်ကြီး၊ ဒရုန်းများ အသုံးပြုပစ်ခတ်သဖြင့် TNLA ရဲဘော်တချို့ သေဆုံး ဒဏ်ရာရ

စစ်ကောင်စီက လက်နက်ကြီး၊ ဒရုန်းများ အသုံးပြုပစ်ခတ်သဖြင့် TNLA ရဲဘော်တချို့ သေဆုံး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်က ဟိုင်ဂင်သဘောတူညီချက်ကို ချိုးဖောက်ကာ ၂၀၂၄ ခုနှစ် ဇွန်လ (၁၈)ရက်နေ့က TNLA တပ်စခန်းကို ဒရုန်း(၂)စင်းဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ရာ တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီး (၄)ဦးဒဏ်ရာရကြောင်း TNLA ထံမှ သိရသည်။

အုမ္မတီးရွာ၌တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့သည် ဆမ္မဆယ်ရွာဘက်သို့ လက်နက်ကြီး (၄)လုံးပစ်ခတ်ရာ TNLA တပ်စခန်းသို့ ကျရောက်ခဲ့ကြောင်း သိရသည်။

ဇွန်လ (၉) ရက်နေ့တွင်လည်း မိုးမိတ်မြို့နယ်၌ စစ်ကောင်စီတပ်မှ ပေါင် (၅၀၀)ဗုံးအသုံးပြု၍ မန်ပိန်းနှင့် ပန်တင်ရွာကြားသို့ လာရောက်ကြဲချခဲ့ရာ TNLA တပ်သား (၃)ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီသည် ဟိုင်ဂင်သဘောတူညီချက်ကို အကြိမ်ကြိမ်ချိုးဖောက်ပြီး TNLA တပ်စခန်းများ တည်ရှိရာကို နေ့စဉ်လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်နေသည်ဟု ဆိုသည်။

#TachileikNewsAgency

Photo: PSLF/TNLA News